မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းရုံးသို့ အ မျိုးသမီးကြီးတစ်ဦးဝင်ရောက်လာပြီးနောက် ဖုန်းတစ်လုံးအားခိုးဝှက်ယူဆောင်သွား

0
196

မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းရုံးသို့ အ မျိုးသမီးကြီးတစ်ဦးဝင်ရောက်လာပြီးနောက် ဖုန်းတစ်လုံးအားခိုးဝှက်ယူဆောင်သွား


ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်အခြေစိုက် မြန်မာ့ကြယ်ဖြူလူမှုကူညီရေးကယ်ဆယ်ရေးပရဟိ တအသင်းရုံး၌ စက်တင်ဘာ ၉ ရက်(ယနေ့)မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတရုံးသို့ အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးသည် အဌားကားဖြင့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။


ထို့နောက် အသင်းတာဝန်ရှိသူအား မြန်မာ့ကြယ်ဖြူအသင်း၏ ဝတ်စုံအားဝယ်ယူလိုသည်ဟုပြော ဆိုခဲ့ရာ အသင်းတာဝန်ရှိသူမှ ရောင်းချခြင်းမပြုကြောင်းပြန်လည်ပြောဆိုစဥ် ချိတ်ထားသည့် အ သင်းဝတ်စုံအား ဖြုတ်ယူခဲ့သဖြင့် ပြန်လည်ယူ ဆောင်၍ ချိတ်နေစဥ် စားပွဲပေါ်၌တင်ထားသည့်ဖုန်းအား ခိုးယူခဲ့ပြီးနောက် အခြားဆိုင်သို့သွားကြည့်မည်ဟုဆိုကာ စက်နှိုးထားပြီး အသင့်စောင့်နေသည့် အဌားကားပေါ်သို့တက်သွားခဲ့ကြောင်း သိရသည်။

“အဲဒီအမျိုးသမီးကြီးလဲတက်သွားကော ကားကချက်ခြင်းအမြန်မောင်းထွက်သွားတယ် မင်္သကာလိုရုံးခန်းထဲမှာပြန်ကြည့်တော့ စားပွဲပေါ်တင်ထားတဲ့ဖုန်းကမရှိတော့ဘူး”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟ်တအသင်းဝင်တစ်ဦးကပြောသည်။

ဖုန်းအားခိုးဝှက်ယူဆောင်သွားသည့် အမျိုးသမီးကြီးသည် ပိုက်ဆံအိတ်တစ်လုံးပါကာ ခန္ဓာကိုယ်သည် ဝဖြိုးပြီး မျက်ခုံးမွှေးထူထူဆွဲထားကာ အသားညို၍ Mask တပ်ထားကြောင်း သိရသည်။


အလားတူ အဌားကားမောင်းသူမှာလည်း ပိန်သွယ်သည့် ခန္ဓာကိုယ်ရှိကာ နှုပ်ခမ်းမွှေးရှိကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ သိရသည်။

“ကျွန်တော်တို့ဘေးဆိုင်က CCTV ရှိတော့ ကားမောင်းတဲ့လူက CCYV လွတ်အောင် ကားကိုအနောက်ဘက်ကိုဆုတ်လိုက်တာတွေ့တယ် ဒီလိုလူမျိုးတွေကို သတိပြုကြပါဗျာ”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here