ကျိုင်းတုံတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွား လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး

0
313

ကျိုင်းတုံတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွား လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှ သတင်းရရှိသည်။


ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်းဇင်းအုပ်စု တိုးဂိတ်အကျော်၊ နောင်ဝိုခမ်း ဆီပန့်အနီးတွင် မွန်းလွဲ ၂ နာရီအချိန်ခန့်က ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူငယ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး နေရာတွင်ပင် သေဆုံးနေသည့်အတွက် အနီးနားတစ်ဝိုက်မှ ဖုန်းဆက်အကူညီတောင်းခံလာသည့်အတွက် တိုင်းနေနာရေးကူညီမှုအသင်းနှင့် မိဘသွေးလှူရှင်အသင်းတို့က လိုအပ်သည်များကိုပြုလုပ်ပေးခဲ့သည်။


သေဆုံးသူ၏ ရုပ်အလောင်း ၂ လောင်းအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့  ဆရာဝန်များ စစ်ဆေးချက်ရယူရန်အတွက် ကျိုင်းတုံဆေးရုံ မော်ကြူရီခန်းသို့ပို့ဆောင်ပေးခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ တာ၀န်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here