သြစတြီးယားမှ ဗွယ်လ်ကာ တာ့ခ်အား ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲအဖြစ် ခန့်အပ်

0
215

သြစတြီးယားမှ ဗွယ်လ်ကာ တာ့ခ်အား ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲအဖြစ် ခန့်အပ်

ဂျီနီဗာ၊ စက်တင်ဘာ ၉

ကုလသမဂ္ဂအထွေထွေညီလာခံက ဩစတြီးယားနိုင်ငံမှ ဗွယ်လ်ကာ တာ့ခ် အား ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တာ့ခ်အား ဩဂုတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည့် မစ်ရှဲလ် ဘတ်ချလက်၏ နေရာကို ဆက်ခံခွင့်ပြုရန် အဆိုပြုခဲ့ကြောင်း ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

တာ့ခ် သည် လက်ရှိတွင် ဂူတာရက်စ်၏ လက်အောက်၌ မူဝါဒဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်အဖြစ် လုပ်ဆောင်နေသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲအဖြစ် တာ့ခ် တာဝန်ယူစသောအခါ ရင်ဆိုင်ရမည့် လတ်တလော စိန်ခေါ်မှုမှာ ဘတ်ချလက် ရာထူးမှ အနားမယူခင် ထုတ်ဝေခဲ့သော တရုတ်နိုင်ငံဆိုင်ရာ ရှင်ကျန်းဒေသဆိုင်ရာ အစီအရင်ခံစာ၏ နောက်ဆက်တွဲကိစ္စများ ဖြစ်သည်။

အဆိုပါ အစီအရင်ခံစာ၌ ရှင်ကျန်းဒေသရှိ ဝီဂါစ် လူမျိုးစုနှင့် အခြားမွတ်စလင်များအပေါ် တရုတ်နိုင်ငံ၏ မတရား ခွဲခြားဆက်ဆံခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ရှင်ကျန်းတွင် မည်သည့် ကျူးလွန်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ခိုင်မာစွာ ငြင်းဆိုထားသည်။

“မစ္စတာ တာခ်က ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနဲ့ နိုင်ငံရေးကင်းရှင်းမှု ဆိုင်ရာ အခြေခံမူတွေကို တစ်သဝေမတိမ်း လိုက်နာပြီး ဌာနကို ဦးဆောင်သွားမှာကို တရုတ်နိုင်ငံ မျှော်လင့်နေပါတယ်” ဟု တရုတ်နိုင်ငံ၏ ဒုတိယ ကုလသမဂ္ဂ သံအမတ်ကြီး တိုင်ဘင်က အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။

“သံအမတ်ကြီးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားလုပ်မှုတွေများ ဖြစ်ပေါ်တဲ့ နေရာတိုင်းကို ထုတ်ဖော်ပြောကြားလိုစိတ်ရှိရမယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လီဆာ ကာတီက တာ့ခ်ကို ပြောခဲ့သည်။

သက်ဦးဆံပိုင် အာဏာရှင်များသည် ဒီမိုကရေစီနစ်ကို ပျက်စီးစေလျက် အာဏာကိုသာရယူချိန်၌ လွတ်လပ်မှုများ ဆုံးရှုံခြင်းကို ဆန့်ကျင်ပြောဆိုရာတွင် သံအမတ်ကြီးသည် အရေးပါသော အခန်းHardမှ ပါဝင်နေသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here