ပြင်ဦးလွင် တောင်ပုလတောင်တော်ပေါ်သို့ ဆင်များ၊ မြင်းများ စီး၍ လည်ပတ်နိုင်ရန်စီစဉ်နေ

0
844

ပြင်ဦးလွင် တောင်ပုလတောင်တော်ပေါ်သို့ ဆင်များ၊ မြင်းများ စီး၍  လည်ပတ်နိုင်ရန်စီစဉ်နေ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ၀က်ဝံကျေးရွာအုပ်စုရှိ တောင်ပုလတောင်တော်ပေါ်သွား ခရီးသွားဧည့်သည်များ ဆင်များ၊ မြင်းများ စီး၍  လည်ပတ်နိုင်ရန်စီစဉ်နေကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂထံမှ စက်တင်ဘာလ ၉ ရက်တွင် သိရသည်။

“တောင်ခြေကနေ ဘုရားဖူးတွေတောင်ပေါ်တက်တဲ့အခါ ဆင်စီးပြီးလည်လို့ရအောင် ဒကာတစ်ယောက်က သူ့ဆင်စခန်း လာပြီးဖွင့်ဖို့ လျောက်ထားတာပေါ့၊ ပွင့်လင်းရာသီအမှီဖွင့်ဖို့ စီစဉ်မှာပေါ့ ” ဟု တောင်ပုလဆရာတော် အရှင်ပညာဘောဂ က ပေါ်ပြူလာနယူး(စ်) သို့မိန့်ကြားသည်။


တောင်ပုလတောင်တော်ပေါ်တွင် ဆင်များထားရှိပြီး ခရီးသွားဧည့်သည်များ ဆင်များ၊ မြင်းများစီး၍ တက်ရောက် လည်ပတ်နိုင်မည့်အစီအစဉ်ကို လာမည့် ပွင့်လင်းရာသီတွင် စတင်နိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။


ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများအတွက်တောင်ပုလတောင်တော်တွင် လက်ရှိအချိန်၌ တောတောင် စိမ်းလန်းသာယာလှပစေရေး၊ မြန်မာ့သဘာ၀တောတောင်အလှအပများနှင့် တိမ်ပင်လယ်ကိုလှပစွာခံစားနိုင်စေရန် အပန်းဖြေ နေရာများစွာကို ဖော်ဆောင်ထားသည့်အတွက် ခရီးသွားဧည့်သည်များ အများအပြားလာရောက် လည်ပတ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here