ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး လူမှုဖူလုံရေးကြေးနှင့်စျာပနကြေး ဘတ် ၁ သိန်းရရှိ

0
143

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး လူမှုဖူလုံရေးကြေးနှင့်စျာပနကြေး ဘတ် ၁ သိန်းရရှိ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ ကျန်းမာ ရေးချို့ယွင်းလာသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ သေဆုံးသွားခဲ့သည့် ဦးစောကျော်လင်း(၅၃)နှစ်သည် ထိုင်းနိုင်ငံမှပေးအပ်သည့် လူ မှုဖူလုံရေးကြေးနှင့်စျာပနကြေးအဖြစ် ဘတ် ၁ သိန်းရရှိခဲ့ကြောင်း LPN-Myanmar မှသိရသည်၊

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင် နေထိုင်သည့် ဦးစောကျော်လင်းသည် ထိုင်းနိုင်ငံ၌ အ လုပ်လုပ်ကိုင်နေစဥ် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးပြီးနောက် ကျန်းမာရေးချို့ယွင်းလာသဖြင့် မြန်မာနိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရသည်။


ထိုသို့ ပြန်လာပြီးနောက် ဇန်နဝါရီ ၁၆ ရက်က သေ ဆုံးသွားခဲ့သဖြင့် ၎င်း၏မိသားစုဝင်များအား ထိုင်းနိုင်ငံလူမှုဖူလုံရေးဌာန(ပကန်ဆမ်ခွန်း)မှ စျာပနအခမ်းအနားသုံးငွေ ဘတ် ၅၀၀၀၀ နှင့်ပကန်ဆမ်ခွန်းစုဆောင်းငွေ(လူမှုဖူလုံရေး)ဘတ်  ၅၀၀၀၀ ပြန်လည်အားပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးစောကျော်လင်းသည် ပကန်ဆမ်ခွန်း(လူမှုဖူလုံ ရေး)အား ပုံမှန်ထည့်သွင်းခဲ့သဖြင့် ၎င်း၏ မိသား စုဝင်များပြန်လည်ခံစားခွင့်ရရှိရန် လိုအပ်သောစာရွက်စာတမ်းများ စုစည်းပြုလုပ်ပေးခြင်း၊ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအသံအရာရှိရုံးမှ ထောက်ခံချက်ရှိရေးတို့အား LPN-MYANMAR က ကူညီပေးခဲ့ကြောင်း သိရသည်။

ပကန်ဆမ်ခွန်း(လူမှုဖူလုံရေး)ငွေသွင်းသူသည် ၆ လဆက်တိုက် လူမှုဖူလုံရေးဌာနသို့ ငွေသွင်းခြင်း မရှိပါက ထောက်ပံ့ကြေးပြန်လည်ခံစားခွင့်ရရှိမည်မဟုတ်ကြောင်း LPN-Myanmar မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here