တိုင်းနှင့်ပြည်နယ် ၇ ခုတွင် အားကောင်းသောလေ ဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာ သွန်းနိုင်ဟု မိုးဇလခန့်မှန်း

0
325

တိုင်းနှင့်ပြည်နယ် ၇ ခုတွင် အားကောင်းသောလေ ဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာ သွန်းနိုင်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နောက် ၂၄ နာရီအတွင်းဖြစ်ပေါ်လာမည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းနှင့်ပတ် သက်၍ တိုင်းထွာရရှိချက်များအား စက်တင်ဘာ ၁၀ ရက်(ယနေ့)နံနက် ၇ နာရီကအသိပေးထုတ်ပြန်ခဲ့သည်။

 

လေဖိအားနည်းရပ်ဝန်းမှတဆင့် နောက် ၂၄ နာရီအတွင်းဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိ ယနိုင်ငံ၊ဩရိဿပြည်နယ်တောင်ပိုင်းကမ်းလွန်နှင့်အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်း ခြေ)အနီးတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

ထို့ကြောင့် ယနေ့ညနေပိုင်းအထိ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊ကချင် ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးကာသည်းထန်စွာရွာသွန်းနိုင်သည်ဟု သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ကရင်ပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်၊ကျန်တိုင်းနှင့်ပြည်နယ်တို့၌ ယနေ့ညနေအထိ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် ရန်ကုန်မြို့၊နေပြည်တော်၊မန္တလေးမြို့တို့တွင်လည်း မိုးလဇ၏ ယနေ့ညနေအထိခန့်မှန်း ချက်အရ မိုးတစ်ကြိမ်၊နှစ်ကြိမ်ခန့် သည်းထန်စွာရွာသွန်းမည်ဟု သိရသည်။

အလားတူ အားကောင်းသောလေဖိအားနည်းရပ် ဝန်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်သည့် တစ်နာရီလျင် ၃၅ မိုင်အထိတိုက်ခတ်နိုင်သည့် မိုး သက်လေပြင်းတိုက်နိုင်သည်ဟု မိုးဇလ၏ ခန့်မှန်းချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here