ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် လိုက်လျော ညီထွေဖြစ်သည့် စိုက်ပျိုးရေးပုံစံများကိုပုံဖော်ရန်လိုအပ်နေသည့် အိန္ဒိယ

0
265

ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် လိုက်လျော ညီထွေဖြစ်သည့် စိုက်ပျိုးရေးပုံစံများကိုပုံဖော်ရန်လိုအပ်နေသည့် အိန္ဒိယ

မြို့တော်နယူးဒေလီ၏ အနောက် မြောက်ဖက် Haryana ၏ Bithmara တွင်​  ဩဂုတ်လအစောပိုင်းက အချိန် အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများ ပျက်စီးသွားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jamui Bihar ရွာတွင်  မိုးမရွာသဖြင့်အခက်​တွေ့မူက  ဟာရာနာနှင့်ဆန့်ကျင်ဘက်ဖြစ်​နေသည်။”မုတ်သုံရာသီကို အားကိုးလို့ မရတော့​ရေတွင်းက​ရေနဲ့ပဲအပင်​တွေ​လောင်း​ပေး​နေရတယ်”ဟု ဘီဟာပြည်နယ်ခံ ကပြောသည်။

 မိုး​ခေါင်ပြီး ဆည်ရေမရရှိသည့်​နေရာများတွင်စျေးကြီးသော ဒီဇယ်ပန့်များပေါ်တွင် အများစုကမူတည်​နေရသည်။

Uttar Pradesh၊ Bihar နှင့် West Bengal ကဲ့သို့သော အဓိက ဆန်စပါးထွက်ရှိသော ပြည်နယ်များတွင် ယခုနှစ် စပါးမျိုးသိပ်မကျဲနိုင်ခဲ့​ပေ။


“မုတ်သုံရာသီနှောင်းပိုင်းမှဝင်ရောက်မှုကြောင့် မိုးခေါင်ရေရှားခြင်း၊ နောက်ဆက်တွဲအပူလှိုင်းများဝင်ခြင်းက အဓိက သီးနှံနှစ်မျိုးဖြစ်တဲ့ ယခင်ရာသီ ဂျုံနှင့် ယခုရာသီစပါးကို ထိခိုက်ခဲ့ပါတယ်၊ ထို့အပြင် လာမည့် သီးနှံစိုက်ခင်းစက်ဝန်းကိုလည်း နှောင့်နှေးစေပါတယ်။ခြုံငုံကြည့်လျှင် ရာသီဥတုပြောင်းလဲမှုသည် ဆိုးရွားသောဖြစ်ရပ်များ ဖြစ်နိုင်ခြေကို မြင့်လာစေနိုင်တယ်”ဟု International Water Management Institute (IWMI) မှ သုတေသီ Aditi Mukherjee ကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် စပါးရိတ်သိမ်းသည့် ဧရိယာ၏ ဟက်တာ သန်း ၄၀ (ဧက သန်း ၄၀) အနက် ၆၀ ရာခိုင်နှုန်းကဆည်ရေသောက်ပြီး ကျန်ဧရိယာက မိုးရွာသွန်းမှုအပေါ် မူတည်သည်။

စိုက်ပျိုးရေး ဂေဟဗေဒ ပညာရှင် Tavseef Mairaj Shah က အိန္ဒိယကဆန်တင်ပို့မှု ပိတ်ပင်လိုက်ခြင်းသည်  ပြည်တွင်းဆန်ဈေး မတက်​အောင်လုပ်ခြင်းဖြစ်​သော်လည်းကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး အတွက် ဆိုးရွားလာမည် ကိုလည်း သတိထားသင့်​ကြောင်းဆိုသည်။အိန္ဒိယတွင် ဆန်သည် လူဦးရေ ထက်ဝက်ကျော်အတွက် အဓိက အစားအစာဖြစ်သည်။ အိန္ဒိယသည် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ဆန်တင်ပို့နေရာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့သည် ၎င်း၏ ထိပ်တန်းဖောက်သည်များထဲမှ အချို့ဖြစ်သည်။

လယ်သမားများ မျှော်မှန်းထားသည့် ထုတ်လုပ်မှု ကျဆင်းခြင်းသည် အိန္ဒိယ၏ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးစွားစေပြီး ပို့ကုန်ကန့်သတ်ချက်များကို ဖြစ်ပေါ်စေနိုင်သည်။

စိုက်ပျိုးရေးပညာရှင် Shah သည် ရေအသုံးပြုမှုထိရောက်မှု၊ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ရန်နှင့် ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ဆောင်ရန် ၊ရေရှည်တည်တံ့သော စပါးစိုက်ပျိုးနည်းများဆီသို့ ကူးပြောင်းရန်၊ စိုက်ပျိုးရေးအလေ့အကျင့်များကို ပြန်လည်ပုံဖော်ရန် အရေးတကြီး လိုအပ်သည်” ဟုဆိုသည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here