သီတဂူအဓိပတိ ဆရာတော်မှ ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ပြည်သူများအား ကန်ဒေါ်လာ တစ်သောင်းစီလှူဒါန်း

0
273

သီတဂူအဓိပတိ ဆရာတော်မှ ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ ပြည်သူများအား ကန်ဒေါ်လာ တစ်သောင်းစီလှူဒါန်း

ရွှေကျင်နိကာယ ဥက္ကဋ္ဌ (သာသနာပိုင်)၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူအဓိပတိ ဆရာတော်ကြီးမှ ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပြည်သူလူထုများအား အမေရိကန်ဒေါ်လာ တစ်သောင်းစီ လှူဒါန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၉) ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြော က်ပိုင်း၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ကိုးထပ်ဆောင်တွင် အဆိုပါ နိုင်ငံများမှ သံအမတ်များကို လက်ခံတွေ့ဆုံကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။


စက်တင်ဘာလ (၉) ရက် နံနက်ပိုင်းတွင် ပါကစ္စတန်သံရုံး တာဝန်ခံ Mr Javed Khan (Deputy Head of Mission) အား လက်ခံတွေ့ဆုံခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် ကန်ဒေါ်လာ တစ်သောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူ အဓိပတိ ဆရာတော်နှင့်  Mr Javed Khan (Depu ty Head of Mission) တို့သည် ဂန္ဓာရခေတ် ဗုဒ္ဓနိုင်ငံ ယ နေ့ ပါကစ္စတန် ဗုဒ္ဓယဉ်ကျေးမှုအကြောင်းကိုလည်း ဆွေး နွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သီတဂူဆရာတော်သည် ၂၀၁၄ ခုနှစ်ကလည်း ပါကစ္စတန်ရေဘေးသင့် ပြည်သူများကို ကန်ဒေါ်လာ တစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ညနေပိုင်းတွင် သီရိလင်္ကာနိုင်ငံ သံအမတ် H.E J.M.J.P  Bandara က လာရောက်တွေ့ဆုံ ဂါရဝပြုသည့်အတွက် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ လက်ခံတွေ့ဆုံစဉ် ဆရာတော်ကြီးက သီရိလင်္ကာနိုင်ငံ၏ ငွေကြေးအကြပ်အတည်းကို လူသားချင်းစာနာထောက်ထားသောအားဖြင့်၎င်း၊ နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုအားဖြင့်၎င်း အမေရိကန် ဒေါ်လာ တစ်သောင်းလှူဒါ န်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here