ယူကရိန်းသမ္မတက အမေရိကန်ကာကွယ်ရေးကုမ္ပဏီများထံ တိုက်ရိုက်တောင်းဆိုမည်

0
206

ယူကရိန်းသမ္မတက အမေရိကန်ကာကွယ်ရေးကုမ္ပဏီများထံ တိုက်ရိုက်တောင်းဆိုမည်

ဝါရှင်တန်၊စက်တင်ဘာ ၉

ယူကရိန်းသမ္မတ ဇလန်းစကီးသည် စက်တင်ဘာ ၂၁ ရက်၌ အမေရိကန်လက်နက်ထုတ်လုပ်သူများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် စကားပြောရန်စီစဉ်ထားပြီး ရုရှားကိုပြန်လည်ခုခံရန် နောက်ထပ်လက်နက်များထပ်မံရရှိဖို့ မေတ္တာရပ်ခံမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားသည်။

သမ္မတဇလန်းစကီးသည် တက္ကဆပ်စ်ပြည်နယ် အော်စတင်ရှိ အမျိုးသားကာကွယ်ရေးစက်မှုအသင်းက ကျင်းပသည့်ညီလာခံမတိုင်မီ ဗီဒီယိုဖြင့်ဟောပြောရန်စီစဉ်ထားပြီး ၎င်း၏ပထမဆုံးအကြိမ် အမေရိကန်ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov သည်လည်း ခြောက်လကျော်ကြာမြင့်လာပြီဖြစ်သည့် ရုရှားကျူးကျော်စစ်ကို ခုခံနိုင်ရန်အတွက် ယူကရိန်းအားထောက်ပံ့မှုပေးရန် အသနားခံတင်ပြရန်စီစဉ်ထားသည်။အဆိုပါ အဖွဲ့အစည်းများ၌ ယူကရိန်းကအသုံးပြုခဲ့သည် Javelin တင့်ကားဖျက်လက်နက်များအား ပူးတွဲထုတ်လုပ်သည့် RaytheonTechnologies နှင့် Lockheed Martin တို့ပါဝင်သည်ဟုဖော်ပြထားသည်။

ထိုကုမ္ပဏီများနှင့် အခြားထိပ်တန်းလက်နက်ထုတ်လုပ်သူများဖြစ်သည့် Boeing , Northrop Grumman , General Dynamics နှင့် L3 Harris Technologies တို့သည် ယူကရိန်းလက်နက်လိုအပ်ချက်များကိုဆွေးနွေးရန် ဧပြီလကပင်တဂွန်ကကျင်းပသည့် အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here