အာရှ‌မှရေနံစိမ်းဝယ်လိုအားပိုများလာဟု အီရတ်၏ရေနံဈေးကွက်ရှာဖွေရေးအဖွဲ့အကြီးအကဲဆို

0
323

အာရှ‌မှရေနံစိမ်းဝယ်လိုအားပိုများလာဟု အီရတ်၏ရေနံဈေးကွက်ရှာဖွေရေးအဖွဲ့အကြီးအကဲဆို

ဒူဘိုင်း၊စက်တင်ဘာ ၉

အီရတ်နိုင်ငံသည် အာရှသို့တင်ပို့သည့် ရေနံစိမ်းပမာဏတိုးမြှင့်ရန် တောင်းဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း နိုင်ငံပိုင်ရေနံရောင်းဝယ်ရေးအကြီးအကဲ SOMO ကနိုင်ငံပိုင်သတင်းတင်းအေဂျင်စီ အိုင်အင်န်အေ သို့ စက်တင်ဘာ ၉ ရက် သောကြာနေ့တွင်ပြောကြားခဲ့သည်။

အီရတ်အနေဖြင့်လည်း ပြည်ပသို့တင်ပို့ရန် ရရှိနိုင်သည့် ပိုလျှံရေနံပမာဏအားလုံးကို တင်ပို့နေကြောင်း ၎င်းကဆိုကာ “အခုအချိန်မှာ ရုရှားကရေနံစိမ်းကို လျှော့စျေးနဲ့ ကမ်းလှမ်းထားတာတောင် တရုတ်နဲ့အိန္ဒိယတို့ဟာ အီရတ်ရေနံစိမ်းကို ဝယ်ယူဖို့လက်လျှော့မှာ မဟုတ်ပါဘူး” ဟု Alaa al-Yasiri ကပြောသည်။

“အီရတ်ဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း အိန္ဒိယနှင့်တရုတ်ကို ရေနံစိမ်းထိပ်တန်းတင်သွင်းသူဖြစ်ခဲ့ပေမဲ့ အခုနှစ်ဈေးကွက်မှာ ရုရှားက ကျွန်တော်တို့အတွက် ပြိုင်ဖက်ဖြစ်လာပါလိမ့်မယ်” ဟု Yasiri မှ ပြောကြားခဲ့သည်။

Source -Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here