တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက်ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၂) သန်းနှင့် ဆေးထိုးအပ်များ ထပ်မံလှူဒါန်း

0
335

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက်ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၂) သန်းနှင့် ဆေးထိုးအပ်များ ထပ်မံလှူဒါန်း

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက်ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၂) သန်းနှင့် ဆေးထိုးအပ်များ ထပ်မံလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ စက်တင်ဘာလ (၁၀) ရက်တွင် သိရသည်။

လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးများကို လက်ခံရယူခြင်းအခမ်းအနားကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များ ရန်ကုန်မြို့သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှတစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များအပါအဝင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် Vaccine အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးပြီးဖြစ်ကာ မြန်မာပြည်သူများကျန်းမာရေးအတွက် ခိုင်ခံ့သည့်အာမခံပေးလိုက်ပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့်အတူ စည်းလုံးစွာ ကပ်ရောဂါတိုက်ဖျက်ရေးအား စွဲမြဲစွာဖော်ဆောင်ပြီး “China-ASEAN Health Shield” ကိုလက်တွဲတည်ဆောက်ကာ အာဆီယံနိုင်ငံပြည်သူများ ကျန်းမာရေးနှင့် စီးပွားရေးပြန်လည်ဦးမော့မှုအတွက်အကျိုးထမ်းဆောင်ကာ တစ်ကမ္ဘာလုံး ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုစံနမူနာဖြစ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က အခမ်းအနားတွင်ပြောကြားခဲဘသည်။

“ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ စစ်ဆေးရေးပစ္စည်း၊ အကာအကွယ်ဝတ်စုံ၊ Vaccine၊ ဆေးထိုးအပ်နှင့် Mobile Laboratory Vehicles စသည့် ပစ္စည်းအများအပြား ကူညီပေးအပ်ခဲ့ပြီး ဆေးကုသရေးပညာရှင်အဖွဲ့ကို မြန်မာနိုင်ငံတွင်လာရောက်ကူညီရန် စေလွှတ်ခဲ့ကာ တရုတ်-မြန်မာနှစ်နိုင်ငံက လူမှုစီးပွားကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးကို ထင်ဟပ်နေကြောင်း၊ သြဂုတ်လ ၂၉ ရက်နေ့အထိ မိမိတို့သည် ၁၈ နှစ်အထက်လူဦးရေပေါင်း သန်း ၃၀ အတွက် Vaccine ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံမှုနှုန်းသည် ၉၆% ရှိကြောင်း မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက ပြောသည်။

ထို့နောက် သံမှူးကြီး Mr. Zheng Zhihong၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမင်းတို့က Vaccine လှူဒါန်းသည့်စီမံကိန်း လက်ခံရယူမှု သက်သေခံလက်မှတ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး ဒုတိယတာဝန်ခံ Soth Vanna နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here