ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှလူဦးရေ တစ်ထောင်ကျော်ထပ်မံစစ်ဘေးရှောင်ခဲ့ရ

0
205

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှလူဦးရေ တစ်ထောင်ကျော်ထပ်မံစစ်ဘေးရှောင်ခဲ့ရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၉ ရွာမှ ရွာသူ၊ရွာသား ၁၀၃၁ ဦးသည် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည်ဟု သိရသည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNDO အဖွဲ့တို့ စက်တင်ဘာ ၇ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဃဲဒဲကျေးရွာအုပ် စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနှင့်ဃောထောခီး ကျေးရွာများမှ ရွာသူ၊ရွာသား ၁၀၃၁ ဦးဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ဃဲဒဲကျေးရွာအုပ်စုရှိ ဃဲဒဲအလယ်တန်းကျောင်း၊ သဲခီးမူလတန်းကျောင်း၊ ထူးထာမူလတန်းကျောင်း၊ မူခီးအလယ်တန်းကျောင်း၊ ဒိုဒေါ်ခီးမူလတန်းကျောင်းနှင့်တူဝေါ်စိုးမူလတန်းကျောင်းတို့ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

လက်ရှိအချိန်၌ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၅ ရွာမှ ရွာသူ၊ရွာသား ၁၇၀၆၇ ဦးသည် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here