စက်တင်ဘာ (၁) ရက်က ဖွင့်လှစ်ခဲ့သည့် ရေးခရိုင်တရား ရုံး ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရ ၊ ယမန်နေ့ ညပိုင်းကလည်း ဗုံးခွဲတိုက်ခိုက်ခံရ

0
180

စက်တင်ဘာ (၁) ရက်က ဖွင့်လှစ်ခဲ့သည့် ရေးခရိုင်တရား ရုံး ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရ ၊ ယမန်နေ့ ညပိုင်းကလည်း ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးခရိုင်တရားရုံးကို ယနေ့ စက် တင်ဘာလ (၉) ရက် နံနက်ပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခိုက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ရေးခရိုင် တရားရုံးအား ယနေ့နေ့လယ် (၁၂) နာရီဝန်းကျ င်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့ခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ အတည်ပြု ပြောကြားသည်။

” ဒီနေ့ (၁၂) နာရီလောက်က ထပ်အပစ်ခံရတာ ။ ညကလည်း ဗုံးခွဲခံရတယ်။ သေဆုံးတာ ဘာညာတော့ မကြားမိဘူး။ အပျက်အစီးတော့ ရှိတယ်။ နှစ်ရက်ဆက်တိုက် အပစ်ခံရတာပေါ့” ဟု အဆိုပါ ရေးမြို့ခံက ပြောသည်။

စက်တင်ဘာလ (၈) ရက် ညပိုင်းကလည်း အဆိုပါ ရေးခ ရိုင် တရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့်အတွက် တရားရုံးရှိ မှန်တံခါးအချို့ ပျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရေးခရိုင်တရားရုံးသည် ပြီးခဲ့သည့် စက်တင်ဘာ လ (၁) ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုပစ်ခတ်တိုက် ခိုက်မှုနှင့် ဗုံးခွဲတိုက်ခိုက်ခြင်းကို မည်သည့်အဖွဲ့က လုပ် ဆောင်သည်ကို မသိရှိရကြောင်းလည်း ဒေသခံများက ပြောသည်။

ရေးမြို့ပေါ်တွင် ပြီးခဲ့သည့် လအတွင်းက ဆိုင်ကယ်စီး နင်းမှုများ ကန့်သတ်ထားပြီး အစိုးရဌာနဆိုင်ရာ ရုံးများအနီးရှိ လမ်းများကို ဖြတ်သန်းသွားလာခြင်း မပြုရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ထားသည်။

ရေးခရိုင်တရားရုံး ပစ်ခတ်တိုက်ခိုက်မှု ခံရသည့်အတွက် ရေးမြို့တွင်း လုံခြုံရေး တင်းကြပ်ကာ စစ်ဆေးမှုများ လု ပ်ဆောင်နေပြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များတွင်လည်း လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

Photo  – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here