လားရှိုးမြို့နယ် နမ့်ကျန်ဆည်တွင် ရေကစားရာမှရေနစ်သေဆုံးသွားသည့် ကိုရင်တစ်ပါး၏ရုပ်အလောက်းအားပြန်လည်ဆယ်ယူရရှိ

0
264

လားရှိုးမြို့နယ် နမ့်ကျန်ဆည်တွင် ရေကစားရာမှရေနစ်သေဆုံးသွားသည့် ကိုရင်တစ်ပါး၏ရုပ်အလောက်းအားပြန်လည်ဆယ်ယူရရှိ

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်၊နမ့်ကျန်ကျေးရွာရှိ နမ့်ကျန်ဆည်တွင် စက်တင်ဘာ ၉ ရက်ညနေ ၄ နာရီကျော်ခန့်က အသက်(၁၁)နှစ်အရွယ်ခန့်ရှိ ကိုရင်တစ်ပါး ရေကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ရေနစ်ပျောက်ဆုံးသွားသည့် ကိုရင်လေးအားတွေ့ရှိရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခဲ့သော်လည်း ပြန်လည်တွေ့ရှိခြင်းမရှိခဲ့သဖြင့် စက်တင်ဘာ ၁၀ ရက်(ယနေ့)တွင်ဆက် လက်ရှာဖွေခဲ့ကြရာ နေ့လည် ၁ နာရီ ၁၅ မိနစ်၌ ရေနစ်ပျောက်ဆုံးသွားသည့် ကိုရင်လေး၏ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ရသည်။

“မနေ့ကဖြစ်စဥ်ကိုသိတဲ့အချိန်ကစပြီး ရှာဖွေရေးလုပ်ခဲ့တယ် မတွေ့ခဲ့ဘူး ဒီမနက်ပိုင်းမှာလည်း ရှာခဲ့တယ် ရေငုတ်ပြီးတော့လည်းရှာတယ် ဒါ့ကြောင့် နေ့လည်ပိုင်းမှာပြန်တွေ့ခဲ့ပါတယ်”ဟု ရှာဖွေရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ကိုရင်လေး၏ရုပ်အလောင်းအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် လားရှိုးလူငယ်များလူမှုကူညီရေးအသင်းကားဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ PR-007 ဖြင့်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here