ပါကစ္စတန်ရေဘေးသင့်ဒေသများသို ကုလအထွေထွေအတွင်းရေးမှူးချုပ် သွားရောက်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်သည် ပါကစ္စတန်နိုင်ငံ ရေဘေးသင့် ဒေသအချိုဆီသို ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
စံချိန်တင် မုတ်သုန်မိုးနှင့် နိုင်ငံမြောက်ပိုင်းရှိ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ပါကစ္စတန်နိုင်ငံဝယ် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၁၉ ဦးထက်မနည်းသေဆုံးခဲ့ကာ၊ အိုးအိမ်များ လမ်းများ၊ မီးရထားလမ်းများ၊ တံတားများ၊ လယ်ယာများနှင့် မွေးမြူရေးတရိစ္ဆာန်များသေကြေပျက်စီးခဲ့သည်။
နိုင်ငံတစ်ဝန်းရေလွှမ်းမိုးခဲ့ကာ ပြည်သူများစွာ အိုးအိမ်များကို စွန့်ခွာခဲ့ကြရသည်။ အစိုးရ၏ ထုတ်ပြန်ချက်အရ လူဦးရေ ၃၃ သန်းမျှ အိုးအိမ်များကို စွန့်ခွာခဲ့ကြရကြောင်း သိရသည်။ ပျက်စီးဆုံးရှုံးမှုပမာဏမှာ ကန်ဒေါ်လာ ဘီလျံ ၃၀ ကျော်ရှိကြောင်းသိရသည်။
Ref: UN chief visits areas of Pakistan devastated by floods