အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂၉ ဦးလျော်ကြေးငွေ ဘတ် ၉ သိန်းကျော်ရရှိ

0
236

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂၉ ဦးလျော်ကြေးငွေ ဘတ် ၉ သိန်းကျော်ရရှိ

ထိုင်းနိုင်ငံ၊ပထုန်ဌာနီမြို့ရှိ ရေသန့်ဗူးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၉ ဦးအား စက်ရုံပိုင်ရှင်က အလုပ်သမားများ၏ တင်ပြချက်အားလက်မခံဘဲ အလုပ်မှထုတ်ပယ်ခဲ့သည်။

မြန်မာအလုပ်သမားများက အလုပ်လုပ်ကိုင်ရာ တွင် ယန္တရားများဖြင့်ကူညီမှုမရှိဘဲ အလုပ်သမားများကိုသာ ခိုင်းစေနေ၍ စက်ရုံပိုင်ရှင်အားတင်ပြခဲ့သော်လည်း လက်ခံဆွေးနွေးခြင်းမရှိဘဲ မြန်မာအလုပ်သမား ၂၉ ဦးအား အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာအလုပ်သမားများမှ ထိုင်းအ လုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(စဝါဒီကမ်)နှင့်အလုပ်သမားအခွင့်အရေးကွန်ယက် (MWRN)တို့သို့ တိုင်ကြားခဲ့ရာ အလုပ်ထုတ်ခံရသူများအား နစ်နာကြေးပေးရန် စဝါဒီကမ်ရုံး ကစက်ရုံပိုင်ရှင်အား အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်မှုအား စက်ရုံပိုင်ရှင်မှ အမှတ် ၁ အလုပ်သမားတရားရုံး(စာရဘူရီ)တွင် အယူခံဝင်ခဲ့သဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် မြန်မာအလုပ်သမားများ၏ ဆန္ဒအရ နစ်နာကြေး ဘတ် ၉ သိန်းကျော်ရယူရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် စက်ရုံပိုင်ရှင်မှ မြန်မာအလုပ်သမား ၂၉ ဦးအား နစ်နာကြေး ဘတ် ၉ သိန်းကျော်အား စက်တင်ဘာ ၉ ရက်ကပေးလျော်ခဲ့ကြောင်း သိရသည်။

Photo-MWRN


LEAVE A REPLY

Please enter your comment!
Please enter your name here