ယခုနှစ်အတွင်း ဂျုံတန်ချိန်ပေါင်း သန်း ၃၀ တင်ပို့နိုင်မည်ဟုရုရှားသမ္မတဆို

0
89

ယခုနှစ်အတွင်း ဂျုံတန်ချိန်ပေါင်း သန်း ၃၀ တင်ပို့နိုင်မည်ဟုရုရှားသမ္မတဆို

မော်စကို၊စက်တင်ဘာ ၉

ရုရှားသမ္မတဗလာဒီမာပူတင်က ယခုနှစ်ကုန်တွင် စပါးတန်ချိန်သန်း ၃၀ တင်ပို့မည်ဖြစ်‌ကြောင်း ၊ယင်းပမာဏကို တန်ချိန် သန်း ၅၀ အထိတိုးမြှင့်သွားရန် အသင့်ရှိသည်ဟု စက်တင်ဘာ ၉ ရက် သောကြာ‌နေ့တွင်ပြောကြားခဲ့သည်။

သမ္မတက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း ရုရှားအနေဖြင့် ဂျုံတန်ချိန် သန်း ၃၀ အထိ ၂၀၂၂ ဒုတိယနှစ်ဝက်တွင် တင်ပို့ရန်အဆင်သင့်ဖြစ်နေကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက လွန်ခဲ့သော တစ်ပတ်ကပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ကမ္ဘာတစ်ဝန်း၌ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆင်းရဲသောနိုင်ငံများတွင် အငတ်ဘေးစိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ထိုသို့ဖြစ်ရခြင်းသည် ကမ္ဘာတွင်ဂျုံအဓိကထုတ်လုပ်သူများဖြစ်သည့် ရုရှားနှင့်ယူကရိန်းအရေးကြောင့်ဖြစ်ပြီး ရုရှားမှယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းများကို ငါးလကြာပိတ်ဆို့ထားမှုကြောင့်ဖြစ်သည်။

ထို့ကြောင့်ဇူလိုင်လတွင် တူရကီနှင့် ကုလသမဂ္ဂတို့က ရုရှားနှင့်ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်အရ ပမာဏနည်းပါးနေသေးသော်လည်း ယူကရိန်းပို့ကုန်များ ပြန်လည်စတင်ခဲ့သဖြင့် အခြေအနေများ အနည်းငယ်သက်သာရာရခဲ့သည်။

သို့သော် နှစ်ဖက်နိုင်ငံများမှ သဘောတူညီချက်ကို သက်တမ်းမတိုးပါက နိုဝင်ဘာလတွင်သက်တမ်းကုန်ဆုံးမည့် အဆိုပါသဘောတူညီချက်သည် ရုရှားနှင့်အဆင်းရဲဆုံးဖြစ်သည့် နိုင်ငံများအပေါ်  အကျိုးအမြတ်မရှိဟု သမ္မတပူတင်က ၎င်းနှင့်လုံခြုံရေးကောင်စီ၏ ဗုဒ္ဓဟူးနေ့အွန်လိုင်းအစည်းအဝေးတွင်ပြောကြားခဲ့သည်။

Black Sea Grain Initiative မှ ကုလသမဂ္ဂ၏ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းမှ ထွက်ခွာသွားသော စားသောက်ကုန်များ၏ ၃၀ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပြီး အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံများသို့ ရောက်သွားကြောင်း ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

သို့သော် ဈေးကွက်အခြေအနေအရ အဆိုပါရောင်းဝယ်မှုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတွက်မဟုတ်ပဲ စီးပွားရေးသက်သက်သာဖြစ်ခဲ့သည် ဟုလည်းဆိုကြသည်။

သဘောတူညီချက်ကို ဝေဖန်ခဲ့သည့် ပူတင်နှင့်တူကီယေးသမ္မတ အာဒိုဂန်တို့သည် လာမည့်သီတင်းပတ်၌ ဥဇဘက်ကစ္စတန်တွင် တွေ့ဆုံသည့်အခါ အဆိုပါပြဿနာကို ဆွေးနွေးကြရန် မျှော်လင့်ကြောင်း ခရင်မလင်ကပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် လာမည့်ရာသီသစ်တွင် ဂျုံတန်ချိန် သန်း ၅၀ တင်ပို့ရန် မျှော်မှန်းထားကြောင်း ရုရှားစိုက်ပျိုးရေး ဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၃ ခုနှစ် ဇွန်လနှင့်ဇူလိုင်လ၌ ၎င်း၏ကောက်ရိတ်သိမ်းချိန် တန်ချိန် သန်း ၁၃၀ သို့ ရောက်ရှိရမည်ဟု ပူတင်ကမေလတွင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Source -Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here