အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ် ပွဲဦးထွက်တွင် မြန်မာအသင်း တရုတ်အသင်းကို ရူံးနိမ့်

0
153

အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ် ပွဲဦးထွက်တွင် မြန်မာအသင်း တရုတ်အသင်းကို ရှုံးနိမ့်

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification)  ပြိုင်ပွဲ​အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် တရုတ် ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် (၁) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ  Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး တရုတ် ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် (၁-၁)ဂိုး ဖြင့်သရေကျခဲ့သော်လည်း ဒုတိယပိုင်းပြီးခါနီးတွင် မြန်မာအသင်း ပင်နယ်တီ (၂) ကြိမ်ဆက်ပေးခံရသဖြင့် တရုတ်အသင်း အနိုင်ရရှိသွားခြင်းဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၂ ရက်တွင်  ဉဇဘက်ကစ္စတန်၊ စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here