ဖိလစ်ပိုင်နည်းပြအား ခေါ်ယူလိုက်သည့် မြန်မာနိုင်ငံမှ ဖယ်လ်ကွန်အီးစပေါ့စ် အသင်း

0
184

ဖိလစ်ပိုင်နည်းပြအား ခေါ်ယူလိုက်သည့် မြန်မာနိုင်ငံမှ ဖယ်လ်ကွန်အီးစပေါ့စ် အသင်း

မြန်မာနိုင်ငံ၏ မိုဘိုင်းလီးဂျန့် ထိပ်သီး အသင်းတစ်သင်းဖြစ်သည့် ဖယ်လ်ကွန်အီးစပေါ့သည် ဖိလစ်ပိုင်နိုင်ငံမှ ခုတ်ချ်ဒေးလ် ခေါ် ဒေးလ်ဗစ်တက်ခ်အား ၎င်း၏ နည်းပြချုပ်အဖြစ် အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်း၏ ဖေ့စဘွတ်ခ် စာမျက်နှာတွင် စက်တင်ဘာလ ၇ ရက် ကြာသပတေးနေ့၌ ကြေငြာခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပသွားမည့် M4 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ပါဝင်နိုင်ရန်အတွက် ဦးစွာပထမ ယှဉ်ပြိုင်ရမည့် M4 မြန်မာ ကွာလီဖိုင်ယာ ပွဲစဉ်များ မစတင်မီ တစ်ရက်အလိုတွင် အဆိုပါအပြောင်းအရွှေ့ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

နည်းပြဒေးလ်သည် MPL ဖိလစ်ပိုင်အသင်းများဖြစ်သည့် စတာလင် ဂလိုဘယ် ဒရာဂွန်၊ အော်ရာ ဖိလစ်ပိုင်နှင့် အက်ကိုအသင်း တို့တွင် နည်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဒေးလ်သည် MPL ဖိလစ်ပိုင်တွင် မည်သည့်ချန်ပီယံဆုမျှ ရယူပေးနိုင်ခဲ့ခြင်းမရှိသော်လည်း ၂၀၁၉ ခုနှစ် ၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဖိလစ်ပိုင်ကိုယ်စားပြု ဆီဘယ် အမ်အယ်လ်ဘီဘီ အသင်းကို ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“နိုင်ငံတကာ နည်းပြတစ်ယောက်နဲ့အတူ မြန်မာ့အီးစပေါ့စ် လောကဆီကို လှပပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကြီးပွဲကောင်းတွေ ခေါ်ဆောင်လာပါမယ်” ဟု ဖယ်လ်ကွန်၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

နည်းပြ ဒေးလ်သည် ဖယ်လ်ကွန်အသင်း၏ လူစာရင်းတွင် ပါဝင်သော မင်းခန့်ဟိန်း (ရဲလိုးဖလက်ရှ်)၊ ကံနက်ဟိန်း (ကန်)၊ ပြည့်စုံ (ဂျက်စတင်)၊ ရဲနောင် (အဘီလီတီ)၊ ဆိုင်းလန့်၊ ဇစ်ပီ၊ စွမ်းထက် (ရူဘီဒီးဒီး)နှင့် မင်းကိုကို (နာအိုမီ) တို့ကို ဦးဆောင်သွားမည် ဖြစ်သည်။

Source: Oneesports


LEAVE A REPLY

Please enter your comment!
Please enter your name here