ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေး ပွဲဖြေဆိုခွင့်ရရှိသူ ၁၃၃၅ ဦးရှိ

0
191

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေး ပွဲဖြေဆိုခွင့်ရရှိသူ ၁၃၃၅ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္က သိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုခွင့်ရရှိသူ ၁၃၅၅ ဦးရှိကြောင်း သိရသည်။


အဆိုပါ ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုခွင့်ရရှိသူများသည် သားဖွားသင်တန်းကျောင်း(နေ ပြည်တော်)၌ စက်တင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည့် ခုံအမှတ်နှင့်နေ့ရက်အလိုက်ဖြေဆိုရမည်ဖြစ်သည်။

ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်၊ဖြေဆိုရမည့်နေ့ရက်တို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website, ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၏ Website, ဆေးတ က္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္က သိုလ်များ၊အဆင့်မြင့်ပညာဦးစီးဌာန Website, လျှောက်လွှာလက်ခံသည့် တက္ကသိုလ်(၂၆)ခုတွင် အသိပေးကြေညာထားသည်။

ခုံအမှတ်(၁)မှ(၁၅၀)အထိသည် စက်တင်ဘာ ၁၂ ရက်၊ ခုံအမှတ်(၁၅၁)မှ(၃၀၀)အထိသည် စက်တင် ဘာ ၁၃ ရက်၊ ခုံအမှတ်(၃၀၁)မှ(၄၅၀)အထိသည် စက်တင်ဘာ ၁၄ ရက်တို့တွင် ဖြေဆိုရမည်ဖြစ် သည်။


အလားတူ ခုံအမှတ်(၄၅၁)မှ(၆၀၀)အထိသည် စက်တင်ဘာ ၁၅ ရက်၊ ခုံအမှတ်(၆၀၁)မှ(၇၅၀) အထိသည် စက်တင်ဘာ ၁၆ ရက်၊ ခုံအမှတ် (၇၅၁)မှ(၉၀၀)အထိသည် စက်တင်ဘာ ၁၉ ရက်၊ ခုံအမှတ်(၉၀၁)မှ(၁၀၅၀)အထိသည် စက်တင်ဘာ ၂၀ ရက်၊ ခုံအမှတ်(၁၀၅၁)မှ(၁၂၀၀)အထိသည် စက်တင်ဘာ ၂၁ ရက်နှင့် ခုံအမှတ်(၁၂၀၁)မှ (၁၃၃၅)အထိသည် စက်တင်ဘာ ၂၂ ရက်တို့၌ အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဝင်ရောက်ဖြေဆိုမည့်သူများသည် ကြေညာချက်တွင်ပါရှိသည့် အချက်အလက်များအား သေချာစွာဖတ်ရှု၍ လာရောက်ဖြေဆိုရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here