ငမိုးရိပ်ချောင်းကျော် 33kV သာကေတ-ဒဂုံမြောက် ဓာတ်အားလိုင်းကြိုးအပြစ်ဖြစ်မှုအားပြန်လည်ပြင်ဆင်လျက်ရှိ

0
199

ငမိုးရိပ်ချောင်းကျော် 33kV သာကေတ-ဒဂုံမြောက် ဓာတ်အားလိုင်းကြိုးအပြစ်ဖြစ်မှုအားပြန်လည်ပြင်ဆင်လျက်ရှိ

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်သို့ လျှပ်စစ် ဓာတ်အားပေးနေသည့် ငမိုးရိပ်ချောင်းကျော် 33kV သာကေတ-ဒဂုံမြောက် ဓာတ်အားလိုင်းသည် စက်တင်ဘာ ၁၀ ရက်ညနေ ၅ နာရီ ၂၀ မိ နစ်ခန့်က မြစ်ကျော်တာဝါတိုင်အနီးတွင် ဓာတ် အားလိုင်းကြိုးပြတ်ကျသွားခဲ့သည်။


ထိုသို့ ပြတ်ကျသွားသည့် ဓာတ်အားလိုင်းကြိုးအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှတာဝန်ရှိသူများက အချိန်နှင့်တပြေးညီပြုပြင်လျက်ရှိသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ဓာတ်အားဖြန့်ဖြူးရေးဌာန၊ကောင်းကင်ဓာတ် အားလိုင်းတည်ဆောက်ရေးဌာနခွဲ၊ရန်ကုန်အရှေ့ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့်သက်ဆိုင်ရာမြို့ နယ်လျှပ်စစ်မန်နေဂျာရုံးများမှပြုပြင်လျက်ရှိသည်။

ထို့ကြောင့် ပြတ်ကျသွားသည့် ဓာတ်အားလိုင်းကြိုးအား ပြန်လည်ပြုပြင်ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here