ဒုတိယ​မြောက် အဲလစ်ဇဘက် ဘုရင်မကြီး၏ စျာပန

0
191

ဒုတိယ​မြောက် အဲလစ်ဇဘက် ဘုရင်မကြီး၏ စျာပန

ဘာကင်ဟမ်နန်းတော်က ကွယ်လွန်သူ ဘုရင်မကြီး၏ နောက်ဆုံးခရီး၏ အသေးစိတ်အချက်အလတ်အချို့ကို ထုတ်ပြန်ခဲ့ရာစျာပနအစီစဥ်ကို​​ယျေဘုယျအားဖြင့်​အောက်ပါအတိုင်းသိရှိထားသည်။

ဘုရင်မကြီးသည် သူမ၏ စကော့တလန်နိုင်ငံရှိ Balmoral ရဲတိုက်တွင်ကြာသပတေးနေ့ကကွယ်လွန်ချိန်သွားခဲ့သည်။ သူမ၏ ဈာပနကို လန်ဒန်တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ဆာတွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

တနင်္ဂ​နွေ နံနက် ၁၀ နာရီတွင် ဘုရင်မကြီး၏ ရုပ်အလောင်းအား ဗြိတိန်တော်ဝင်မိသားစု၏ စကော့တလန် ရှိအီဒင်ဘာ့ဂ်နန်း​တော်သို့ သယ်ဆောင်သွားမည်ဖြစ်သည်။

တနင်္လာနေ့တွင် ထိုနန်းတော်မှ St Giles’s Cathedral သို့ လှည့်လည်သယ်​ဆောင်မည်ဖြစ်သည်။ထို​နေရာတွင်အင်္ဂါနေ့အထိထားရှိကာ ဂါရဝပြုခံမည်ဖြစ်သည်။

ထို့နောက် ရုပ်ကလာပ်အား အီဒင်ဘာ့ဂ် မှ လန်ဒန်ရှိ ဘာကင်ဟမ် နန်းတော်သို့ သယ်​ဆောင်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ဘာကင်ဟမ်နန်းတော်မှ ဝက်စ်မင်စတာခန်းမသို့ ထပ်မံပြောင်းရွှေ့မည်ဖြစ်သည်။ထို​နေရာတွင် ၄ရက်တာထားရှိပြီး ပြည်သူများလာ​ရောက်ဂါရဝပြုနိုင်ရန်စီစဥ်ထားရှိမည်။

နိုင်ငံတော်ဈာပနသည် စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဈာပနအခမ်းအနားဖြင့် ရုပ်အလောင်းအား ဝက်စ်မင်စတာနန်းတော်မှ ဝက်စ်မင်စတာ ဘုရား​ကျောင်း  သို့ သယ်ဆောင်သွားပြီးနိုင်ငံတော်ဈာပန အခမ်းအနားကျင်းပမည်ဖြစ်သည်။

ဈာပနအခမ်းအနားအပြီးတွင် ရုပ်ကလာပ်အား ဝက်စ်မင်စတာ ဘုရား​ကျောင်းမှ ဝယ်လင်တန်​အာ့ချ်၊ထိုမှတဆင့် ဝင်ဆာ၊ထို့​နောက်နိဗ္ဗာန်ယာဉ်သည်ဝင်ဆာရဲတိုက်ရှိ ရှိ စိန့်​ဂျော့ချ် ဘုရား​ကျောင်းသို့ ပို့​ဆောင်မည်ဖြစ်ပါသည်။

ထိုဘုရား​ကျောင်းရှိ ဆဌမ​မြောက်​ဂျော့ချ်ဘုရင် ​အောက်​မေ့ဖွယ် ​ကျောင်း​ဆောင်တွင်ဘုရင်မကြီး၏ ​ခေါင်းတလားကိုမြုပ်နှံထားရှိသွားမည်ဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here