မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၂၇ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်း ၃၅၀၀ ခန့်ရရှိခဲ့

0
152

မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၂၇ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်း ၃၅၀၀ ခန့်ရရှိခဲ့

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကိုခွင့်ပြုပေးခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်း ၃၄၂၂ ခုရရှိခဲ့သည်ဟု စက် တင်ဘာ ၇ ရက်ကပြုလုပ်သည့် မွန်ပြည်နယ် ရင်းနှီးမြှုပ် နှံမှုကော်မတီ (၃/၂၀၂၂)အစည်းအဝေးမှ သိရသည်။

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလု ပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ငွေကျပ် ၆၅၀ ၁၁ ဒသမ ၇၅၁ သန်းရှိခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၈ ခုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုမှ ပြည်တွင်းအလု ပ်သမား ၃၂၆၃ ဦး၊ ပြည်ပအလုပ်သမား ၁၅၉ ဦး (စုစု ပေါင်း ၃၄၂၂ ဦး)တို့ အလုပ်အကိုင်များရရှိခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ်ဟာ စီးပွားရေးအရ အချက်အချာကျတဲ့ နေ ရာတစ်ခုဖြစ်တာကြောင့် ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို  ပူးပေါ င်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟုမွန်ပြည်နယ်ဝန်ကြီး ချုပ်ဦးဇော်လင်းထွန်းက ပြောသည်။

ထို့ကြောင့် စီးပွားရေးနှင့်ပတ်သက်သည့် အခြေခံအဆော က်အဦးများနှင့်ရေရှည်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရေးကို အလေးထားဆောင် ရွက်ကာ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ထို့နောက် (၃/၂၀၂၂)အစည်းအဝေးတွင် တင်ပြလာသည့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီအတွင်း ရေးမှူးနှင့်ကော်မတီဝင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here