မုံရွာမြို့လည်ခေါင်ရှိ သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရ

0
385

မုံရွာမြို့လည်ခေါင်ရှိ သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြိုလယ်ခေါင် ဗိုလ်ချုပ်လမ်းမီးပွိုင့်အနီးရှိ သိန်းတရာရွှေဆိုင်သည် ယနေ့ နံနက်ပိုင်းက အနုကြမ်းစီးခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၁ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်ခန့်တွင် အမည်မသိလူ ၅ ဦးက ကားဖြင့်လာရောက်ပြီး အနုကြမ်းစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖြစ်စဥ်က မှန်ပါတယ် မုံရွာမြို့လည်ခေါင်မှာတောင်လုပ်သွားတာပါ ” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့အတည်ပြုပြောဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရွှေထည်ပစ္စည်းများနှင့် ငွေများပါသွားသည်ဟု သိရပြီး အသေးစိတ်အတည်မပြုနိုင်သေးပေ။

ရွှေဆိုင်ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့၀င်များက ဗိုလ်ချုပ်လမ်းပေါ် ပိတ်ဆို့စစ်ဆေးခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း မုံရွာမြို့တွင် ဓားပြမှု၊ လုယက်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here