ကလီဖိုးနီးယားတွင် မိုးရွာသွန်းမှုကြောင့် တောမီးလောင်ကျွမ်းမှုကိုငြှိမ်းသတ်နိုင်ခဲ့ပြီး အပူလှိုင်းဖြတ်သန်းမှုပြီးဆုံး

0
194

ကလီဖိုးနီးယားတွင် မိုးရွာသွန်းမှုကြောင့် တောမီးလောင်ကျွမ်းမှုကိုငြှိမ်းသတ်နိုင်ခဲ့ပြီး အပူလှိုင်းဖြတ်သန်းမှုပြီးဆုံး

ပစိဖိတ်ကမ်းရိုးတန်းမှအပူပိုင်းမုန်တိုင်းတစ်ခုသည် စက်တင်ဘာ ၁၀ ရက် စနေနေ့တွင် ကလီဖိုးနီးယားတောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီးမိုးသည်းထန်စွာရွာသွန်းစေခဲ့ကာ တောမီးလောင်ကျွမ်းမှုပိုကြီးလာနိုင်သည့်စိုးရိမ်မှုနှင့် ပူပြင်းသောအပူလှိုင်းကို အဆုံးသတ်စေခဲ့သည်။

သို့သော်အပူပိုင်းမုန်တိုင်း ကေး ၏အကြွင်းအကျန်များကြောင့် လေပြင်းများတိုက်ခတ်မှုကြောင့် လော့စ်ဆန်းဂျလိစ်အရှေ့ဘက်ရှိ Riverside County ၌ ဧကပေါင်း ၂၇,၀၀၀ ခန့်လောင်ကျွမ်းစေခဲ့သည့် Fairview Fire မီးလောင်ကျွမ်းမှုမျိုးထပ်မံဖြစ်ပေါ်လာနိုင်သည်ဟု တာဝန်ရှိသူများကသတိပေးထားသည်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးခြင်းနှင့် ရွှံ့မြေများပြိုကျနိုင်ခြေမြင့်တက်လာသည်။သို့သော်မိုးရွာသွန်းမှုကြောင့် မီးသတ်သမားများသည် တောမီးလောင်ကျွမ်းမှုကိုထိန်းချုပ်ရာ၌ အဆင်ပြေခဲ့ကြောင်း ပြည်နယ်မီးသတ်ဌာန Cal Fire မှ ပြောရေးဆိုခွင့်ရှိသူ Rob Roseer  ကပြောကြားခဲ့သည်။

နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မီးလောင်ကျွမ်းမှု၏ ၄၀ ရာခိုင်နှုန်းထိန်းထားနိုင်ခဲ့ပြီး ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်အပျက်အစီးသတင်းမျိုးတော့ မကြားရသေးကြောင်း Rosser ကပြောကြားခဲ့သည်။ “ကံကောင်းထောက်မစွာနဲ့ပဲ အပူပိုင်းမုန်တိုင်း ကေး ကမျှော်လင့်ထားတာထက်စောဝင်ပြီး မီးသတ်သမားတွေကို သက်သာအောင်လုပ်ပေးခဲ့တယ်” ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံ၏အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းနေထိုင်သူ ပြည်သူအချို့ကိုသောကြာနေ့ကတည်းက နေရပ်ပြန်ခွင့်ပြုခဲ့သော်လည်း အချို့နေရာများတွင် ထောင်နှင့်ချီသောသူများကို နေရပ်မှထွက်ခွာရန် အမိန့်ပေးခဲ့ရကြောင်း Rooser မှပြောကြားခဲ့သည်။မီးလောင်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ပြည်နယ်မြို့တော် ဆေခရာမင်န်တို အရှေ့ဘက်ရှိမီးလောင်ကျွမ်းမှုသည် နေ့ချင်းညချင်းကြီးမားလာခဲ့ပြီး စနေနေ့နံနက်ပိုင်းအထိ မီးလောင်ကျွမ်းမှုသည် ဧက ၃၃,၀၀၀ ကျော်ရှိပြီး မထိန်းနိုင်ခဲ့ဟု Cal Fire ကပြောကြားခဲ့သည်။

Source –Reuters/mi


LEAVE A REPLY

Please enter your comment!
Please enter your name here