နစက ဥက္ကဋ္ဌ RZD ရထားကုမ္ပဏီအားလေ့လာ

0
205

နစက ဥက္ကဋ္ဌ  RZD ရထားကုမ္ပဏီအားလေ့လာ

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက Ulan-Ude မြို့ဘူတာရုံမှတဆင့် Irkutsk မြို့သို့ သီးသန့်အထူးရထားခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။

ထိုသို့ သွားရာတွင် Trans-Siberian မီးရထား လမ်းနှင့် Trans-Mongolian မီးရထားလမ်းတစ်လျှောက် အဓိကကျအရေးပါသည့် Ulan-Ude ဘူတာရုံသို့ရောက်ရှိရာ RZD “Russian Railways” မီးရထားလုပ်ငန်းမှဒါရိုက်တာ Mr.Sergey Stolyarov & အဖွဲ့ဝင်များက ကြိုဆို၍ ဘူတာရုံအတွင်းလိုက်လံရှင်း လင်းပြသခဲ့ကြသည်။

ထို့နောက် “RZD –Russian Railways” ကုမ္ပဏီ၏ လျှပ်စစ်စွမ်းအင်သုံးခေါင်းတွဲများ၊ဒီဇယ်ခေါင်းတွဲများ၊ဓာတ်ငွေ့သုံးခေါင်းတွဲများ၊ကိုယ်ထည်တွဲများထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာများ၊မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာနည်းပညာများ၊မီးရထား နှင့်ဆက်စပ်သည့်လုပ်ငန်းဆိုင်ရာများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ရုရှားနိုင်ငံ၏ ရထားလမ်းဆိုင်ရာများနှင့်ဥရောပနိုင်ငံများတွင် သွားရောက်၍ ရထားလမ်းဖောက်လုပ်ခြင်း ဆိုင် ရာများအား ရှင်းလင်းခဲ့ကြရာ နစက ဥက္ကဋ္ဌကရထားပို့ဆောင်ရေးဆိုင်ရာနည်းပညာများပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့သည်။


ထို့ပြင် နစက ဥက္ကဋ္ဌသည် Republic of Buryatia ပြည်နယ်မှသတင်းမီဒီယာများ၏ ပထဝီနိုင်ငံရေးအရ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများအပေါ်သဘောထားအမြင်နှင့်အခြားမေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ပြီးနောက် Ulan-Ude မြို့ဘူတာရုံမှတဆင့် Irkutsk ပြည်နယ်သို့ သီးသန့်အထူးရထားခရီးစဉ်ဖြင့်ဆက်လက်သွားရောက်ခဲ့သည်။

အဆိုပါ RZD “Russian Railways”ကုမ္ပဏီသည် ရုရှားနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရုံးချုပ်သည် မော်စကိုမြို့၊ Red Gates Squre ၌တည်ရှိကာ ၂၀၀၃ ခုနှစ်၊စက်တင်ဘာလမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မီးရထားဝန်ဆောင်မှုများကို စီမံ ခန့်ခွဲပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Joint-stock ကုမ္ပဏီ အမျိုးအစားဖြစ်ပြီး မီးရ ထားနှင့်သက်ဆိုင်သည့် စက်ရုံများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here