ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ တွေ့ဆုံရန် ဂျပန်နှင့်အမေရိကတို့စီစဉ်

0
180

ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ တွေ့ဆုံရန် ဂျပန်နှင့်အမေရိကတို့စီစဉ်

ဝါရှင်တန်၊စက်တင်ဘာ ၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါတို့သည် စက်တင်ဘာ ၂၀ ရက်ဝန်းကျင်တွင် နူးယော့ခ်၌ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပပ၌ထိပ်သီးအစည်းအဝေးတစ်ခုပါပြုလုပ်ရန်စီစဉ်နေကြောင်း သံတမန်သတင်းရင်းမြစ်များကစနေနေ့ကပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂအစည်းအဝေးအပြီးတွင် အဲလိဇဘက်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို ကန်သမ္မတဘိုင်ဒင်တက်ရောက်ရန်ရှိသဖြင့် ဂျပန်ဝန်ကြီးချုပ်နှင့်ကန်သမ္မတတို့၏တွေ့ဆုံဆွေးနွေးမှုသည် တိုတောင်းသောတွေ့ဆုံမှုမျိုးသာဖြစ်နိုင်ကြောင်းဆိုထားသည်။

ရုရှား၏ယူကရိန်းသို့ကျူးကျော်မှုကိုတုံ့ပြန်နိုင်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများအပြင် ၎င်းတို့နှစ်ဦးအနေဖြင့် ထိုင်ဝမ်အပေါ်တရုတ်၏စစ်ရေးအရ ဖိအားများတိုးမြင့်လာခြင်းနှင့် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုတို့အပါအဝင် ဂျပန်နိုင်ငံတစ်ဝန်းလုံခြုံရေးဆိုင်ရာဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန်မျှော်လင့်ထားကြောင်း သိရှိရသည်။

ကီရှီဒါအနေဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ်လက ဒုတိယကမ္ဘာစစ်အတွင်း အမေရိက၏အဏုမြူဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် ဟီရိုရှီးမား၌လာမည့်နှစ်တွင် ကျင်းပမည့် G – 7 ထိပ်သီးစည်းဝေးပွဲအတွက် ဝါရှင်တန်နှင့်ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနိုင်ကြောင်းလည်းဖော်ပြထားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုအကောင်အထည်ပေါ်လာပါက ဂျာမဏီတွင်ဇွန်လကကျင်းပခဲ့သော G – 7 ထိပ်သီးစည်းဝေးပွဲပြီးကတည်းက ၎င်းတို့နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။အဆိုပါ G – 7 စည်းဝေးပွဲအပြီးနှစ်ရက်အကြာ မက်ဒရစ်၌ကျင်းပပြုလုပ်ခဲ့သည့် နေတိုးအဖွဲ့အစည်းအဝေးပြင် ၌တောင်ကိုရီးယားသမ္မတမစ္စတာ ယွန်းဆော့ယော်နှင့်လည်း သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သေးသည်။

ဩဂုတ်လအစောပိုင်းက ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ ခရီးစဉ်အပြီးတွင် ထိုင်ဝမ်ရေလက်ကြား၌ တရုတ်၏စစ်ရေးလှုပ်ရှားမှုများခပ်စိတ်စိတ်ပြုလုပ်လာခဲ့ပြီး အင်အားကြီးနှစ်နိုင်ငံအကြားတွင်လည်း တင်းမာမှုများအရှိန်မြင့်တက်လာခဲ့သည်။ထို့ပြင် ဩဂုတ်လ ၂၈ ရက်က ရေလက်ကြားသို့ ကန်စစ်သင်္ဘောနှစ်စင်းကို ဖြတ်သန်းခွင့်ပြုရန် အမေရိကန်ကဆုံးဖြတ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုဆိုးရွားလာခဲ့သည်။

မြောက်ကိုရီးယား၏ သတ္တမမြောက်နျူကလီးယားစမ်းသပ်ရန်ပြင်ဆင်မှုများ ပြီးမြောက်သွားမည်ကိုလည်းစိုးရိမ်မှုများရှိနေသည်ဟုရေးသားဖော်ပြထားသည်။

Source –Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here