Sunday, March 9, 2025

တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ငါးလုပ်ငန်းစခန်း...

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂ ၅) ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ...

ဝေးလံကျေးလက် ဒေသများအတွက် ဓာတ်အားစနစ် သီးခြားပေးနိုင်ရေး...

ဝေးလံကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် ပြင်ပသီးခြားဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅)...

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ် မြန်မာ...

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယခု မတ်လ (၂၅)ရက်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာ-အာဖဂန်နစ္စတန် အသင်းတို့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် ပဏာမ...

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူပေါင်း၂,၀၉၇...

ရခိုင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း (၂,၀၉၇ )ဦးရှိပြီး စာစစ်ဌာန (၈)ခုဖွင့်လှစ်ထားကြောင်း သိရသည်။ စာစစ်ဌာန (၈)ခုအနက်...
HomeNewsLocal Newsမြန်မာ့တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များထုတ်လုပ်တပ်ဆင်နေသည့်စက်ရုံသို့...

မြန်မာ့တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များထုတ်လုပ်တပ်ဆင်နေသည့်စက်ရုံသို့ နစက ဥက္ကဋ္ဌသွားရောက်

မြန်မာ့တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များထုတ်လုပ်တပ်ဆင်နေသည့်စက်ရုံသို့ နစက ဥက္ကဋ္ဌသွားရောက်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက် (ယနေ့)နံနက်ပိုင်းက Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Igor Ivanovich Kobzev နှင့်အတူ လေယာဥ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant-Irkutsk Corporation Branch အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

နစက ဥက္ကဋ္ဌအား Irkutsk Aviation Plant-Irkutsk Corporation Branch မှအထွေထွေညွှန်ကြားရေး မှူးချုပ် Mr. Veprev Aleksey Alexandrovich ကကြိုဆို၍ အလုပ်ရုံအတွင်း MC-21 300 ခရီးသည်တင်လေယာဉ်ကြီးများ ထုတ်လုပ်ရန် အစိတ်အ ပိုင်းတစ်ခုချင်းစီအလိုက် sector များခွဲကာ Robotic system များ၊ Automatic Machine များဖြင့် တပ်ဆင်နေမှု၊ ထိုမှတဆင့် လေယာဉ်ကိုယ် ထည်ပိုင်း၊တောင်ပံပိုင်း၊အင်ဂျင်ပိုင်းများကို အ ဆင့်ဆင့် တပ်ဆင်တွဲဆက်နေမှုတို့အား ရှင်းလင်းပြသခဲ့သည်။


ထို့ပြင် စက်ခေါင်းခန်းအတွင်း ထိန်းချုပ်မှု System များ၊ အတွင်းပိုင်းအပြင်အဆင်များကို အဆင့်မြှင့်တင်ဆောင်ရွက်ထားမှု၊ လေယာဉ် ထုတ်လုပ်နေမှုနှင့်လေယာဉ်၏ စွမ်းဆောင်ရည်ပိုင်းနှင့်ကြံ့ခိုင်ရေးပိုင်းတို့အား စမ်းသပ်စစ်ဆေးလျက်ရှိမှု၊ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့် Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ထုတ်လုပ်ပြီးလေယာဉ်များအား လေ့ကျင့်စမ်းသပ်နေမှု တို့ကိုလည်း ရှင်းလင်း​ပြောကြားပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။


Irkutsk လေယာဉ်ထုတ်လုပ်ရေးစက်ရုံသည် Irkutsk Aviation Plant ကို ၁၉၃၂ ခုနှစ်တွင် စ တင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ Irkutsk Corporation ၏လက်ခွဲတစ်ခုဖြစ်ပြီး Irkutsk လေ ယာဉ်ထုတ်လုပ်ရေးအသင်းသည် Transbaykal ဒေသ၏ ရှေးအကျဆုံးလေယာဉ်ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့် ၁၉၃၂ ခုနှစ်မှစ၍ ယနေ့အထိ လေယာဉ်အစင်းပေါင်း ၇၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂၅)ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂ ၅) ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ ပြန်လည်ထည့်သွင်း မွေးမြူကြမည်ဖြစ်သည့်အတွက် ကြီးထွားနှုန်းကောင်းမွန်သည့် ငါးသားပေါက်များကို ထည့်သွင်းမွေးမြူ၍ ဝင်ငွေတိုးတက်ရရှိစေရန် တိုင်းဒေသကြီး/ ပြ ည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂၅) ခုမှ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ ကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ငါးတန်၊ ရေချိုငါးမုတ် စသည့်ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဝယ်ယူလိုသူများအနေဖြင့်...

ဝေးလံကျေးလက် ဒေသများအတွက် ဓာတ်အားစနစ် သီးခြားပေးနိုင်ရေး ဆောင်ရွက်မည်

ဝေးလံကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် ပြင်ပသီးခြားဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ခြင်းအပြင် ဝေးလံကျေးလက်ဒေသများအတွက် ဓာတ်အားစနစ် ပြင်ပသီးခြားဆောင်ရွက်နိုင်ရန်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍဖွံဖြိုးရေးအတွက် တင်သွင်းလာသည့် ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်ခြင်း ရှိ/မရှိ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ရန် လိုအပ်သလို ပစ္စည်းများတပ်ဆင်ခြင်း၊ ဓာတ်အားထုတ်ယူသုံးစွဲခြင်းများကိုလည်း သတ်မှတ်ထားသည့် နည်းပညာပိုင်းဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP)...

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ် မြန်မာ – အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယခု မတ်လ (၂၅)ရက်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာ-အာဖဂန်နစ္စတန် အသင်းတို့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် ပဏာမ ကစားသမား (၄၂ ) ဦး ရွေးချယ်ထားပြီးဖြစ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိအချိန်တွင် ပြည်ပလိဂ်ပွဲစဉ်များနှင့် AFC Challenge League ပွဲစဉ်များကြောင့် ရှမ်းယူနိုက်တက် ကစားသမားများနှင့် ပြည်ပလိဂ်များမှ ကစားသမားများ လာရောက်ပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်းကလပ်များမှ ကစားသမားများဖြင့်သာ ကနဦး စုဖွဲ့လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပဏာမလက်ရွေးစင် ကစားသမား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071