မြန်မာ့တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များထုတ်လုပ်တပ်ဆင်နေသည့်စက်ရုံသို့ နစက ဥက္ကဋ္ဌသွားရောက်

0
310

မြန်မာ့တပ်မတော်အတွက် Su-30 တိုက်ခိုက်ရေးလေယာဉ်များထုတ်လုပ်တပ်ဆင်နေသည့်စက်ရုံသို့ နစက ဥက္ကဋ္ဌသွားရောက်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက် (ယနေ့)နံနက်ပိုင်းက Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Igor Ivanovich Kobzev နှင့်အတူ လေယာဥ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant-Irkutsk Corporation Branch အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

နစက ဥက္ကဋ္ဌအား Irkutsk Aviation Plant-Irkutsk Corporation Branch မှအထွေထွေညွှန်ကြားရေး မှူးချုပ် Mr. Veprev Aleksey Alexandrovich ကကြိုဆို၍ အလုပ်ရုံအတွင်း MC-21 300 ခရီးသည်တင်လေယာဉ်ကြီးများ ထုတ်လုပ်ရန် အစိတ်အ ပိုင်းတစ်ခုချင်းစီအလိုက် sector များခွဲကာ Robotic system များ၊ Automatic Machine များဖြင့် တပ်ဆင်နေမှု၊ ထိုမှတဆင့် လေယာဉ်ကိုယ် ထည်ပိုင်း၊တောင်ပံပိုင်း၊အင်ဂျင်ပိုင်းများကို အ ဆင့်ဆင့် တပ်ဆင်တွဲဆက်နေမှုတို့အား ရှင်းလင်းပြသခဲ့သည်။


ထို့ပြင် စက်ခေါင်းခန်းအတွင်း ထိန်းချုပ်မှု System များ၊ အတွင်းပိုင်းအပြင်အဆင်များကို အဆင့်မြှင့်တင်ဆောင်ရွက်ထားမှု၊ လေယာဉ် ထုတ်လုပ်နေမှုနှင့်လေယာဉ်၏ စွမ်းဆောင်ရည်ပိုင်းနှင့်ကြံ့ခိုင်ရေးပိုင်းတို့အား စမ်းသပ်စစ်ဆေးလျက်ရှိမှု၊ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့် Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ထုတ်လုပ်ပြီးလေယာဉ်များအား လေ့ကျင့်စမ်းသပ်နေမှု တို့ကိုလည်း ရှင်းလင်း​ပြောကြားပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။


Irkutsk လေယာဉ်ထုတ်လုပ်ရေးစက်ရုံသည် Irkutsk Aviation Plant ကို ၁၉၃၂ ခုနှစ်တွင် စ တင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ Irkutsk Corporation ၏လက်ခွဲတစ်ခုဖြစ်ပြီး Irkutsk လေ ယာဉ်ထုတ်လုပ်ရေးအသင်းသည် Transbaykal ဒေသ၏ ရှေးအကျဆုံးလေယာဉ်ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့် ၁၉၃၂ ခုနှစ်မှစ၍ ယနေ့အထိ လေယာဉ်အစင်းပေါင်း ၇၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here