ယူကရိန်းနိုင်ငံဇာပိုရီရှီအာနျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ်မှုရပ်ဆိုင်း

0
185

ယူကရိန်းနိုင်ငံဇာပိုရီရှီအာနျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ်မှုရပ်ဆိုင်း

ယူကရိန်းနိုင်ငံရှိ ရုရှားထိန်းချုပ်ထားသော ဇာပိုရီရှီအာနျူကလီးယားဓာတ်အားပေးစက်ရုံ၏ လည်ပတ်မှုများကိုဘေးကင်းရေး ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့်အပြည့်အဝရပ်ဆိုင်းလိုက်ကြောင်းစက်ရုံတာဝန်ခံ Energoatom က စက်တင်ဘာ ၁၁ ရက်၌ပြောကြားခဲ့သည်။

အေဂျင်စီမှနံပါတ် ၆ ဓာတ်အားလိုင်းယူနစ်အား နံနက် ၃ နာရီ ၄၁ မိနစ်တွင် ဖြတ်တောက်လိုက်ပြီးနောက် စက်ရုံသည်လုံးဝရပ်တန့်သွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကိဗ်ကလည်း ဗုဒ္ဓဟူးနေ့တွင် ရုရှားနိုင်ငံကသိမ်းပိုက်ထားသော ဥရောပ၏အကြီးဆုံးနျူစက်ရုံတစ်ဝိုက်ရှိ ဒေသခံများအား၎င်းတို့၏ဘေးကင်းရေးအတွက် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်တောင်းဆိုခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့သည် နျူစက်ရုံကိုဒုံးကျည်ဖြင့်ပစ်ခတ်မှုနှှင့်ပတ်သက်၍ အချင်းချင်းစွပ်စွဲထားကြသည်။ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက စက်ရုံ၏အနီးတစ်ဝိုက်အား စစ်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ရုရှား၏ပစ်ခတ်မှုကြောင့် ပျက်စီးသွားသောစက်ရုံ၏ ယူကရိန်းနိုင်ငံအတွက်စွမ်းအင်ပေးသည့် ဓာတ်အားပေးစနစ်ဆက်သွယ်ရေးလိုင်းတစ်ခု ပြန်လည်လည်ပတ်နိုင်စေရန် စနေနေ့က Energoatom မှပြောကြားခဲ့သည်။

ထို့ကြောင့် အမှတ် (၆ ) ဓာတ်အားကိုပိတ်ပစ်ပြီး အလုံခြုံဆုံးအခြေအနေသို့လွှဲပြောင်းနိုင်ရန် ယခုကဲ့သို့ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း၎င်းကပြောကြားခဲ့သည်။ ဓါတ်အားလိုင်းပျက်စီးနိုင်ခြေများသဖြင့်ဒီဇယ်ဂျင်နရေတာဖြင့် စွမ်းအင်သုံးစက်ရုံကိုလည်ပတ်ရမည့် အခြေအ နေရောက်မည်ဟု ၎င်းကဆိုပြီး ပြန်လည်ကောင်းမွန်ရန်မှာမူ နည်းပညာဆိုင်ရာအရင်းအမြစ်နှင့် ရရှိနိုင်သည့်ဒီဇယ်လောင်စာပမာဏပေါ်မူတည်၍ ကြာချိန်အတိအကျ

မသတ်မှတ်နိုင်‌ သေးဟုဆိုသည်။

Source –Reuters/yb


LEAVE A REPLY

Please enter your comment!
Please enter your name here