ညောင်ဦးမြို့နယ်တွင် ကားနှစ်စီးမျက်နှာချင်း ဆိုင်တိုက် ၅ ဦးဒဏ်ရာရ

0
254

ညောင်ဦးမြို့နယ်တွင် ကားနှစ်စီးမျက်နှာချင်း ဆိုင်တိုက် ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊တောင်ဇင်းနယ် မြေ၊တောင်ဇင်းအုပ်စု၊တောင်ရွာကျေးရွာအနီးရှိ ဗျတ္တပန်းဆက်လမ်း၌ စက်တင်ဘာ ၁၁ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ဇင်းအုပ် စု၊တောင်ရွာကျေးရွာအနီးရှိ ဗျတ္တပန်းဆက်လမ်း ၏ မိုင်တိုင်အမှတ် ၁/၇ တွင် DAIHATUS (ခဲရောင်)ကားနှင့် HIACE (အဖြူရောင်)ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ညောင်ဦးခရိုင်မီးသတ်စခန်းနှင့်ညောင်ဦးမြို့နယ်မီးသတ်စခန်း၊လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်၌ ကား ၂ စီးပေါ်၌လိုက်ပါလာသူများအ နက် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့်ရန်ကုန်လူမှုကူညီရေးအသင်းတို့မှ လူနာတင်ကားများဖြင့် ညောင်ဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here