မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ ထိန်းသိမ်းရေးစ ခန်း၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှတာဝန်ရှိသူများတွေ့ဆုံခဲ့

0
312

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ ထိန်းသိမ်းရေးစ ခန်း၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှတာဝန်ရှိသူများတွေ့ဆုံခဲ့

မလေးရှားနိုင်ငံ၊ဂျိုဟိုးမြို့၌ ရောက်ရှိအလုပ်လုပ် ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်း ဆီးခံရပြီးနောက် ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိနေသူများအား စက်တင်ဘာ ၁၀ ရက်ကသွား ရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တတိယအတွင်းဝန်နှင့်တာဝန်ရှိသူများက ဂျိုဟိုးမြို့၊ Pekan Nanas ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသူများအား တွေ့ဆုံခဲ့ကြသည်။


ဂျိုဟိုးမြို့၊ Pekan Nanas ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသား အမျိုးသား ၅၁ ဦးနှင့်အမျိုးသ မီး ၂၀ ဦး(စုစုပေါင်း ၇၁ ဦး)တို့ ထိန်းသိမ်းခံထားရသည်။

အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား တတိယအတွင်းဝန်နှင့်တာဝန်ရှိသူများက တွေ့ဆုံစစ်ဆေးကာ ခေါက်ဆွဲ၊မုန့်၊ လိမ်းဆေးများ ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံသားဟုတ်မှန်ကြောင်း အ ထောက်အထားပြည့်စုံသူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် မလေးရှားနိုင်ငံရှိ သက် ဆိုင်ရာဌာနများနှင့်ညှိနှိုင်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here