ပုပ္ပားတောင်ကလပ်၌ ကျင်းပသည့် နှစ်(၇၀)ပြည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲအား လာရောက်သူများပြား

0
381

ပုပ္ပားတောင်ကလပ်၌ ကျင်းပသည့် နှစ်(၇၀)ပြည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲအား လာရောက်သူများပြား

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်ကလပ်၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် နှစ်(၇၀)ပြည့် ဘိုးတောင်အောင်မင်းခေါင်ထွက်ပွဲအား အနယ်နယ်အရပ်ရပ်မှလာရောက်သူအများအပြားရှိကြောင်း သိရသည်။


ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲအား နှစ်စဥ်ကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်(၁၉) ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၁ ခုနှစ်တွင်လည်း လူအနည်းငယ်ဖြင့်သာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒအားခံယူ၍ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ပုပ္ပားတောင်ကလပ်ဘုရားဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ကြီးကြပ်မှုတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ကိုဗစ်ရောဂါကြောင့် ၂ နှစ်ရှိပြီ ဒီလိုအကြီးအ ကျယ်မလုပ်ဖြစ်တာက ဒီနှစ်မှပြန်လုပ်ဖြစ်တာ နေရာစုံ ဒေသစုံကလူတွေလာကြတယ် အဖွဲ့လိုက်လာကြတယ် မိသားစုလိုက်လာကြတယ် ခန့်မှန်း ခြေ ပွဲတော်ကျင်းပတဲ့ရက်တွေမှာ တစ်နေ့ကိုလူဦးရေ ၅၀၀၀၀ လောက်ရှိမယ် စျေးသည်တွေလည်းအများကြီးပဲ”ဟု ဒေသခံတစ်ဦးဖြစ်သည့်ဦးသောင်းညွှန့်ကပြောသည်။

ထိုသို့ လာရောက်၍ အဓိဌာန်ဝင်ခြင်း၊စတုဒိသာကျွေးခြင်း၊ အဘအောင်မင်းခေါင်ထံပွဲဆက်သခြင်းများပြုလုပ်ကာ တော်သလင်းလပြည့်နေ့နှင့်လပြည့်ကျော် ၁ ရက်၊ ၂ ရက်တို့တွင် အိုးစည်ဗုံ မောင်းများတီးခတ်လှည့်လည်ခြင်း၊နတ်ပွဲပေးခြင်းနှင့်ပုပ္ပားတောင်ကလပ်ဝန်းကျင်ရှိ သံဃာ တော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအား ပြုလုပ်ကြကြောင်း သိရသည်။


“တော်သလင်းလပြည့်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဘိုးတော်အောင်မင်းခေါင်ကို ယုံကြည်သူတွေက ဘိုးတော်ကိုမြှုပ်နှံထားတဲ့ဂူရှေ့မှာ “ဇိတံမေ အောင်ပြီ”ကို သုံးကြိမ်သံပြိုင်ရွတ်ကြတယ် အဲဒါဆိုရင် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲပြီး မြောက်သွားပါပြီ”ဟု ဦးသောင်းညွှန့်ကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here