ဆောင်းဦးရာသီခရီးသွားချိန်အမီဂျပန်ဝင်ခွင့်ကန့်သတ်ချက်ထပ်မံလျှော့ချမည်

0
302

ဆောင်းဦးရာသီခရီးသွားချိန်အမီဂျပန်ဝင်ခွင့်ကန့်သတ်ချက်ထပ်မံလျှော့ချမည်

တိုကျို(ကျိုဒို)၊စက်တင်ဘာ ၁၁

ဂျပန်သည် ၎င်း၏နယ်စပ်ထိန်းချုပ်ရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး နေ့စဉ်ဝင်ရောက်မှု ငါးသောင်းအောက်သို့သတ်မှတ်ထားခြင်းအား ပြန်လည်စိစစ်ကာ မကြာမီ ၎င်းကိုဖယ်ရှားတော့မည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် နေ့စဉ်ပြည်ဝင်ခွင့်စည်းမျဉ်းများကို ဖြေလျှော့လိုက်သည်နှင့်တစ်ပြိုင်နက် ဗီဇာလိုအပ်ချက်အပါအဝင် အခြားခရီးသွားလာရေးဆိုင်ရာလိုအပ်ချက်များကိုပါ တစ်ပြိုင်နက်တည်းဖြေလျှော့မည်ဖြစ်သည် ဟု ဖူဂျီရုပ်မြင်သံကြားအစီအစဉ်၌ ဒုတိယ အတွင်းဝန်ချုပ် Seiji Kihara ကပြောကြားခဲ့သည်။

နိုင်ငံ၏ တင်းကျပ်သောကိုဗစ်နယ်စပ်ထိန်းချုပ်မှုများကို တဖြည်းဖြည်းဖြေလျှော့ပေးခဲ့သော်လည်း နှစ်နှစ်ကျော်ကြာအောင် ထိန်းထားခဲ့သေးသည်။နေ့စဉ်ပြည်ဝင်ခွင့်အား ယခင်ကလူဦးရေနှစ်သောင်းသာ သတ်မှတ်ထားရာမှ မကြာသေးမီက ငါးသောင်းအထိတိုးမြှင့်ပေးခဲ့ပြီး ပြည်တွင်းခရီးသွားများအတွက် ဧည့်လမ်းညွှန်မလိုဘဲခရီးသွားခွင့်ပြုထားပြီးဖြစ်သည်။

“ဖြေလျှော့မှုတွေကို ကျွန်တော်တို့တာဝန်ရှိသူတွေအတူ ပြန်လည်သုံးသပ်နေပါတယ်။သိပ်မကြာတော့တဲ့ မကြာခင်အချိန်မှာ အားလုံးကိုပုံမှန်အတိုင်းပြန်ဖွင့်ပေးနိုင်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

“ဂျပန်က ဆောင်းဦးရာသီနဲ့ ဆောင်းရာသီတွေမှာ ဆွဲဆောင်မှုရှိတဲ့နေရာတွေအများကြီးရှိလို့ နိုင်ငံရပ်ခြားခရီးသွားကြတဲ့သူ တွေ ဂျပန်ကိုအများဆုံးလာရောက်လိုကြတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

“အထူးသဖြင့် ဂျပန်ငွေကြေး အားနည်းနေတာ‌ကြောင့် နိုင်ငံကိုဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာစေတဲ့အချိန်မှာ ဂျပန်နိုင်ငံအ‌နေနဲ့ နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်တဲ့‌နေရာမှာ နောက်ကျကျန်နေခြင်းမျိုး မဖြစ်သင့်ပါဘူး” ဟုလည်းဆိုခဲ့သည်။

ဂျပန်တွင်ခရီးသွားများအနေဖြင့် နိုင်ငံတွင်းဝင်ရောက်ချိန်၌ ဗီဇာလိုအပ်ချက်နှင့် ခရီးစဉ်အတွင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းမျိုးသတ်မှတ်ထားသော်လည်း ယခုနှစ်မတ်လမှစကာ ဝင်ခွင့်စည်းမျဉ်းများ တစ်ဖြည်းဖြည်းလျှော့ချလာခဲ့ပြီး ဇွန်လတွင်နေ့စဉ်ဝင်ရောက်ခွင့်ဦးရေကို ၂၀,၀၀၀ အထိသတ်မှတ်ကာနောက်ပိုင်းတွင် အဆင့်ဆင့်တိုးမြှင့်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဂျပန်သို့နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၄၅,၉၀၀ သာရှိခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ စုစည်းရမိသမျှဒေတာများအနက် အနည်းဆုံးပမာဏဖြစ်ကာ ကပ်ရောဂါမစမီ ၂၀၂၀ အစောပိုင်းကာလများက ပြည်တွင်းခရီးသွားများ၏အင်အားဖြင့် ကောင်းမွန်စွာလည်ပတ်နေသော နိုင်ငံ၏ခရီးသွားလုပ်ငန်းကို အကြပ်ရိုက်စေခဲ့သည်။

Source -Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here