မိုင်းဖြတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်လုံးရေလွှဲဆည်၏ မြေသားဘောင် ပေ ၅၀ ခန့်ပြိုကျ

0
180

မိုင်းဖြတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်လုံးရေလွှဲဆည်၏ မြေသားဘောင် ပေ ၅၀ ခန့်ပြိုကျ

ရှမ်းပြည်နယ်၊မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မ ပြတ်ရွာသွန်းမှုကြောင့် နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်အထက် ဘယ်ဘက်အပိုင်း၏ မြေသားဘောင်သည် စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပေ ၅၀ ခန့်ပြိုကျသွားခဲ့ကြောင်း သိရသည်။ 

ထိုသို့ မြေသားဘောင်ပြိုကျခဲ့ခြင်းမှာ နမ့်ဖက်ချောင်းရေမြင့်တက်ပြီး ရေစီးဆင်းရာတွင် ဝမ်လုံးရေလွှဲဆည်ရှိ ရေထွက်ပေါက်များ၌ အမှိုက်များ၊သစ်ကိုင်းများပိတ်ဆို့ခဲ့ခြင်းကြောင့်ဖြစ် သည်။

ထို့ကြောင့် ရေစီးဆင်းမှုပြန်လည်ကောင်းမွန်စေရန်ပိတ်ဆို့ခဲ့သည့် အမှိုက်များ၊သစ်ကိုင်းများအားဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။

အလားတူ ပြိုကျသွားခဲ့သည့် မြေသားဘောင်ပြန် လည်ပြင်ဆင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here