တောင်ဥက္ကလာပမြို့နယ်တွင် YBS 6 ခရီးသည်တင်ကားအား လူတစ်စုကရိုက်နှက်ဖျက်ဆီး၍ ၃ ဦးဒဏ်ရာရ

0
414

တောင်ဥက္ကလာပမြို့နယ်တွင် YBS 6 ခရီးသည်တင်ကားအား လူတစ်စုကရိုက်နှက်ဖျက်ဆီး၍ ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်ရှိ ညောင် ပင်မှတ်တိုင်တွင် YBS 6 ခရီးသည်တင်ကားအား စက်တင်ဘာ ၁၂ ရက်(ယနေ့)နေ့လည်ပိုင်းတွင် လူတစ်စုကရိုက်နှက်ဖျက်ဆီးခဲ့ကြကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၄၀ မိနစ်ခန့်က အမည်မသိအမျိုးသားများက ညောင်ပင်မှတ်တိုင်သို့ ဆိုက် ရောက်လာသည့် YBS 6 ခရီးသည်တင်ကားအား တုတ်များဖြင့်ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“သူတို့က ရိုက်ဖျက်နေတဲ့အချိန်ကားပေါ်မှာ ခရီး သည်တွေပိတ်နေတယ် အဲဒီအချိန် သားအမိနှစ်ယောက်ကားပေါ်ကခုန်ချလိုက်တော့ ကလေးအမေက မှန်ကွဲစတွေနဲ့ထိပြီး ခြေထောက်ထိသွားတယ်”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အလားတူ ကားအားရိုက်နှက်ဖျက်ဆီးနေချိန်၌ မှန်ကွဲစများကားအတွင်းသို့ ကျရောက်ခဲ့သဖြင့် ကားပေါ်ရှိအမျိုးသား ၂ ဦးတွင်လည်း မှန်ကွဲစများထိခိုက်မိခဲ့သည်ဟု သိရသည်။

“သူတို့က ကားကိုရိုက်ဖျက်ပြီးတော့ ထွက်သွားကြတာ မှန်ကွဲစထိသွားတဲ့ ၃ ယောက်လုံးကို အရေးပေါ်ကုသတာတွေလုပ်ပေးခဲ့ပါတယ်”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

အဆိုပါ YBS 6 သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၈၉ လမ်းဆုံမှ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးဝင်းသို့ ပြေးဆွဲပေးနေသည့် ခရီး သည်တင်ကားဖြစ်ကြောင်း သိရသည်။

Photo-ရွှေမေတ္တာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here