အင်ဒိုက ရုရှားရေနံဝယ်ယူရန်စဉ်းစားနေဟုသမ္မတဝီဒိုဒိုပြော

0
164

အင်ဒိုက ရုရှားရေနံဝယ်ယူရန်စဉ်းစားနေဟုသမ္မတဝီဒိုဒိုပြော

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသည့် ဖိအားများမှသက်သာ‌ စေရန်အတွက် အိန္ဒိယ နှင့်တရုတ်နိုင်ငံတို့ကဲ့သို့ပင်ရုရှား ထံမှရေနံဝယ်ရန်စဉ်းစားနေကြောင်း Financial Times က တနင်္လာနေ့တွင်ဖော်ပြခဲ့သည်။

Financial Times နှင့် အင်တာဗျူး၌ အင်ဒိုအနေဖြင့် ရုရှားထံမှရေနံဝယ်ယူရန် အစီစဉ်ရှိမရှိမေးရာတွင် “ရွေးချယ်စရာအားလုံးကို ကျွန်တော်တို့ အမြဲတမ်းစောင့်ကြည့်နေပါတယ်။တကယ်လို့ သူတို့နိုင်ငံက ပိုသက်သာတဲ့နှုန်းထားနဲ့ရောင်းချမယ်ဆိုရင်တော့ ဝယ်ဖို့ကသေချာသလောက်ပါပဲ” ဟု သမ္မတဝီဒိုဒိုကပြောကြားခဲ့သည်။

ဝီဒိုဒိုသည် ယခုလအစောပိုင်းတွင် အစိုးရကထောက်ပံ့ထားသော လောင်စာဆီ၏စျေးနှုန်းများကို ၃၀ ရာခိုင်နှုန်းအထိတင်ခဲ့ပြီး ဘဏ္ဍာရေးဖိအားများကြောင့် ယခုကဲ့သို့ပြုလုပ်ရခြင်းသည် ၎င်း၏နောက်ဆုံးရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူသန်းပေါင်း ၂၇၀ ၏ နိုင်ငံတစ်ဝန်းဆန္ဒပြမှုများလည်းဖြစ်ပွားခဲ့သည်။

G7 နိုင်ငံများ ကသဘောတူညီထားသည့် စျေးနှုန်းနှင့်ပမာဏထက် ရုရှားရေနံကို ဝယ်ယူမည်ဆိုပါက အင်ဒိုနီးရှားသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံရနိုင်သည်။

ဩဂုတ်လက ခရီးသွားလုပ်ငန်းဝန်ကြီး Sandiaga Uno ၏ပြောကြားချက်အရ အင်ဒိုနီးရှားသည် ရုရှားရေနံစိမ်းအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ကမ်းလှမ်းခံခဲ့ရကြောင်းသိရသည်။ယင်းနောက်တွင်မူ နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina က ရုရှားရေနံဝယ်ယူခြင်း၏ နောက်ဆက်တွဲအန္တရာယ်များကို ပြန်လည်သုံးသပ်နေကြောင်းလည်း ပြောကြားခဲ့သည်။

အရှေ့‌တောင်အာရှ၏ အင်အားအကြီးဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် သြဂုတ်လတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့ပြီး စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တတိယမြောက်လတွင်ဗဟိုဘဏ်၏ လျာထားချက်ထက် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထက်တွင်ရှိနေခဲ့သည်ဟုဖော်ပြထားသည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here