နေရပ်စွန့်ခွာသူများ၊တိုက်ပွဲရှောင်များနှင့်သဘာဝဘေးအန္တရာယ်ကိစ္စများအတွက် တွေ့ဆုံဆွေးနွေး

0
232

နေရပ်စွန့်ခွာသူများ၊တိုက်ပွဲရှောင်များနှင့်သဘာဝဘေးအန္တရာယ်ကိစ္စများအတွက် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် စက်တင်ဘာ ၁၁ ရက်နေ့လည်ပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte အားလက် ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဥ် နေရပ်စွန့်ခွာသူများနှင့်တိုက်ပွဲရှောင်များအတွက် ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ လူထုအခြေပြုကူညီထောက်ပံ့ရေး၊ နေရပ်စွန့်ခွာသူများနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကူညီထောက်ပံ့ရေးလုပ်ငန်းအား ပြည်သူ လူထုများထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ရေး ၊သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကူညီထောက်ပံ့နိုင်ရေးနှင့်နေရပ်စွန့်ခွာသူ များ ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားပေးနိုင်ရေးနှင့်ကူညီထောက်ပံ့ပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်းနှင့်အတူ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊အစိုးရအဖွဲ့အတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်၊

အလားတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူ ရို ညွှန်ကြားရေးမှူး Mr.Indrika Ratwatte၊ ဒု-ညွှန်ကြားရေးမှူး Ms. Ellen Hansen နှင့်တာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here