မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ကကားအားကျော်တက်စဥ်တိမ်းမှောက်ပြီး ကားဖြင့်တိုက်မိ၍ သေဆုံး

0
324

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ကကားအားကျော်တက်စဥ်တိမ်းမှောက်ပြီး ကားဖြင့်တိုက်မိ၍ သေဆုံး

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်တွင် စက်တင်ဘာ ၁၂ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်က စီတာပူရပ် ကွက်တွင် ရှေ့မှမောင်းနှင်နေသည့်ကားအား အ သက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကကျော်တက်စဥ် အရှိန်မထိန်းနိုင်ဘဲ ကားရှေ့၌တိမ်းမှောက်သွားခဲ့သည်။

ထိုသို့ တိမ်းမှောက်ရာ မောင်းနှင်လာသည့်ကားမှ တိုက်မိသွားခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်လာသူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးစဥ် ဆေးရုံအရောက်၌ ဆိုင်ကယ်မောင်းသူမှာရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လူမှုကူညီရေးအသင်း(မြစ်ကြီးနား)


LEAVE A REPLY

Please enter your comment!
Please enter your name here