ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၀၄) ဦးရှိ၊ ကူးစက်ခံရသူ စု စုပေါင်း ၆၁၇,၀၅၆ အထိရှိလာ

0
263

ယနေ့  မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၀၄) ဦးရှိ၊ ကူးစက်ခံရသူ စု စုပေါင်း ၆၁၇,၀၅၆ အထိရှိလာ

ယနေ့ စက်တင်ဘာလ (၁၂) ရက် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၀၄) ဦးရှိ၊ ကူးစက်ခံရသူ စု စုပေါင်း ၆၁၇,၀၅၆ အထိရှိလာပြီဖြစ်ကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယနေ့ ည(၈) နာရီ ထုတ်ပြန်ချက်အရ  သံသယလူနာ ၁၁, ၃၀၆ ဦးစစ်ဆေးခဲ့ရာမှ အတည်ပြု လူနာ ၂၀၄ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်ကိုဗစ်ကူးစက်ရာမှ ပြန်လည်ကောင်းမွန်လာသူ (၅၉) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၄,၃၃၉) ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ မရှိသ ဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်းမှာ (၁၉,၄၄၂) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှ စက် တင်ဘာလ (၇) ရက်အထိ တွေ့ရှိရသော ကိုဗစ် ၁၉ ရော ဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာ ကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိဘဲ (၁၅.၉) ရာခိုင်နှုန်း မှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားပြီး (၄) ရာခိုင် နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ (၀.၁) ရာ ခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုနှင့် ကိုဗစ်-  ၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုတို့ကို  လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေးထိုးနှံထားသူ များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း ဖြ င့်လည်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်သ ဖြင့် မိဘပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတ ပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု နှင့် ထပ်ဆောင်းကာ ကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင် ရွက်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက  အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here