အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာအသင်း ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်

0
139

အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာအသင်း ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification)  ပြိုင်ပွဲ​အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ည  (၉ နာရီ ၄၅ မိနစ်) တွင် ဆော်ဒီအာရေဗျနိုင်ငံတွင်  ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန် -၂၀ အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ မြန်မာယှဥ်ပြိုင်ကစားသည့် ဉဇဘက်ကစ္စတန်သည် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားသည့်အတွက် ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲအောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၂ ရက် နံနက် က တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃-၁) ဖြင့်ရှုံးနိမ့်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here