မုံရွာမြို့တွင် သိန်းတရာရွှေဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့

0
334

မုံရွာမြို့တွင် သိန်းတရာရွှေဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ဘုရားကြီးရပ်ကွက်၊ဗိုလ် ချုပ်လမ်းမီးပွိုင့်အနီးရှိ “သိန်းတရာ”ရွှေဆိုင်တွင် စက်တင်ဘာ ၁၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲက အမည်မသိအမျိုး သား ၄ ဦးသည် CRV (အနက်ရောင်)ကားဖြင့် ဘု ရားကြီးရပ်ကွက်နေ ဦးချစ်လှိုင်(၇၉)နှစ်ပိုင်“သိန်းတရာ”ရွှေဆိုင်သို့ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ဆိုင်အတွင်းရှိ ဦးချစ်လှိုင်၏ သမီးဖြစ်သူ မနော်ထူး(၅၀)နှစ်နှင့် ဆိုင်ဝန်ထမ်းများဖြစ်သည့် မနုနုယဉ်(၃၄)နှစ်၊ မစန္ဒီလေးအောင်(၂၇)နှစ်၊ သလ္လာရပ်ကွက်နေ မဖြိုးမွန်ငြိမ်း(၃၂)နှစ်၊ ဦးတင်ထွန်း(၅၃)နှစ်တို့အား သေနတ်ပြခြိမ်းခြောက်၍ မနော်ထူးအား ရွှေထည်ပစ္စည်းများသိမ်းဆည်းထားသည့် အခန်းအားဖွင့်ခိုင်းကာ အသင့်ယူဆောင်သည့် လက်ဆွဲအိတ် ၂ လုံးအတွင်းသို့ ရွှေလက်ကောက်နှင့်ရွှေဆွဲကြိုးမျိုးစုံ(စိစစ်ဆဲ)အားထည့်၍ လုယက်ယူဆောင်သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းလမ်းမှတစ်ဆင့် ဘုရားနီလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here