ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး၍ ဆေးရုံ၌စစ်ဆေးရာ ကိုဗစ်(၁၉)ရော ဂါပိုးတွေ့

0
344

ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး၍ ဆေးရုံ၌စစ်ဆေးရာ ကိုဗစ်(၁၉)ရော ဂါပိုးတွေ့

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေး ရွာအုပ်စု၊ကန်ကောက်အရှေ့ကျေးရွာတွင် စက် တင်ဘာ ၁၁ ရက်က အသက်(၂၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်၍ စစ်ဆေးရာမှ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် လူမှုကူညီရေးအသင်းကားဖြင့် အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်သို့ စက်တင်ဘာ ၁၂ ရက်တွင် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ 


“ဘာ့ကြောင့် ကြိုးဆွဲချသေဆုံးတယ်ဆိုတာက တော့ ကျွန်တော်တို့လည်းမသိပါဘူး ရုပ်အ လောင်းကို သုဿန်ပို့ပေးဖို့ အဲဒီအမျိုးသမီးရဲ့ မိ သားစုဝင်တွေက အကူအညီတောင်းတာကြောင့် ကူညီပေးခဲ့တာပါ ကိုဗစ်ဖြစ်နေတာဆိုတော့ PPE ဝတ်ပြီးမှသွားခဲ့ပါတယ်”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

Photo-ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

 


LEAVE A REPLY

Please enter your comment!
Please enter your name here