စက်တင်ဘာလဝက်အတွင်း မြန်မာအလုပ်သမား ၂၅၀ ဦးခန့်အား တောင်ကိုရီးယားနိုင်ငံသို့စေ လွှတ်နိုင်ခဲ့

0
135

စက်တင်ဘာလဝက်အတွင်း မြန်မာအလုပ်သမား ၂၅၀ ဦးခန့်အား တောင်ကိုရီးယားနိုင်ငံသို့စေ လွှတ်နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ စက်တင်ဘာလဝက်(စက်တင်ဘာ ၁ ရက်မှ ၁၃ ရက်)အတွင်း ၂၄၆ ဦးအား စေလွှတ်နိုင်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

ထိုသို့ စေလွှတ်ရာတွင် စက်တင်ဘာ ၁၃ ရက် (ယနေ့)တွင် မြန်မာအလုပ်သမား ၁၁၁ ဦးနှင့်စက် တင်ဘာ ၁ ရက်တွင် မြန်မာအလုပ်သမား ၁၃၅ ဦး(စုစုပေါင်း ၂၄၆ ဦး)အား စေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် တောင်ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ် ငန်း၊ကုန်ထုတ်လုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသစ်ဝင်ရောက်လုပ်ကိုင်မည့်သူများဖြစ်ကာ Re-entry လုပ်သားများလည်းပါဝင်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here