တရုတ်အနေဖြင့် စီးပွားရေးတည်ငြိမ်စေမည့်‌ဆောင်ရွက်ချက်များထပ်မံချမှတ်မည်ဟုဆို

0
134

တရုတ်အနေဖြင့် စီးပွားရေးတည်ငြိမ်စေမည့်‌ဆောင်ရွက်ချက်များထပ်မံချမှတ်မည်ဟုဆို

ပေကျင်း၊စက်တင်ဘာ ၁၂

တရုတ်နိုင်ငံသည် စားသုံးမှုပြန်လည်အား‌ကောင်းလာ‌စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့ကို အာရုံစိုက်ကာ ၎င်း၏စီးပွားရေးတည်ငြိမ်စေရန်မူဝါဒများကို အဆင့်လိုက်ဆက်လက်ချမှတ်သွားမည်ဖြစ်ကာ အဆိုပါမူဝါဒများကို တတ်နိုင်သမျှအမြန်ဆုံးအကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်လီခါ့ချန်အား ကိုးကား၍ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့ကဖော်ပြခဲ့သည်။

“တရုတ်နိုင်ငံမှာ စားသုံးမှုပြန်လည်ဦးမော့လာရေးကို အဓိကတွန်းအားအဖြစ်မြှင့်တင်ပြီး ထိရောက်တဲ့ရင်းနှီးမြှပ်နှံမှုတွေကို မြှင့်တင်ဖို့ပိုကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ဝန်ကြီးချုပ်လီကပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် တိုးတက်မှု၊အလုပ်အကိုင်နှင့်ဈေးနှုန်းများတည်ငြိမ်စေရန် အစီအမံအမျိုးမျိုးကို အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွား‌ရေးအင်အားအကြီးဆုံးတရုတ်နိုင်ငံသည် ကျယ်ပြန့်သော ကိုဗစ်ပိတ်ဆို့မှုများကြားမှပင် စားသုံးမှုနှင့်စက်ရုံလုပ်ငန်းများကို နှောင့်နှေးစေသည့် မြေယာဈေးကွက်အားနည်းမှုများကို ဒုတိယသုံးလပတ်အတွင်း ပွတ်ခါသီကာရှောင်ရှားနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အဓိကပရောဂျက်များကို အရှိန်မြှင့်တည်ဆောက်ကာ ဒေသတွင်းစီးပွားရေးလိုအပ်ချက်များအပေါ် အခြေခံကာဘဏ္ဍာငွေမူဝါဒကိုတိုးမြှင့်မည်ဖြစ်ကြောင်း မစ္စတာလီကပြောကြားခဲ့သည်။

မကြာသေးမီက အချက်အလက်များအရ တင်းကျပ်သောကိုဗစ်ကန့်သတ်ချက်များကြားတွင် စက်ရုံလုပ်ငန်းများတိုးချဲ့လုပ်ဆောင်မှုကျဆင်းသွားခြင်းနှင့် ပို့ကုန်တိုးတက်မှုနှေးကွေးခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးသည် ဩဂုတ်လတွင်အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး ဝယ်လိုအားလည်းလျော့နည်းသွားကြောင်းပြသခဲ့သည်။

တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က ရင်းနှီးမြှုပ်နှံမှုကိုတွန်းအားပေးရန် နောက်ထပ်ခြေလှမ်းများကို ကြေငြာခဲ့ပြီး ကိုဗစ်ကြောင့်ပျက်စီးနေသောစီးပွားရေးကို အားကောင်းစေမည့်အစီအမံများကိုလည်းတိုးချဲ့ခဲ့သည်။

Source –Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here