၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၅)လအတွင်း ပြည်ပသို့ အ ထည်တင်ပို့မှုမှ ရရှိငွေ ကန်ဒေါ်လာသန်း (၁၅၀၀)ကျော်အထိရှိ

0
187

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၅)လအတွင်း ပြည်ပသို့ အ ထည်တင်ပို့မှုမှ ရရှိငွေ ကန်ဒေါ်လာသန်း (၁၅၀၀)ကျော်အထိရှိ

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် (၅) လတာ ကာလအတွင်း ပြ ည်ပသို့ လက်ခစား CMP စနစ်ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုမှ ရရှိငွေမှာ အမေရိ ကန်ဒေါ်လာ သန်း (၁၅၀ ၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသ င်းမှ သိရသည် ။

၂၀၂၂ ခုနှစ် ဧပြီ (၁) ရက်မှ ဩဂုတ် (၂၆) ရက်အထိ မြန် မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် CMP စနစ်နဲ့ ချုပ်ပြီး အ ထည်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၅၆၂) သန်းကျော်ရရှိခဲ့‌ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ် ငန်းရှင်များအသင်း၏ ပြောကြားချက်ကို ကိုးကားကာ နို င်ငံပိုင်း သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ CMP စနစ်ဖြင့် ချုပ်ပြီးအထည်များ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ဥရောပနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ၊အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၇၀) ကျော်ကို ပုံမှန် တင်ပို့လျက်‌ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်ငန်းရှင်များအသင်း၏ စရင်းဇယားများအရ သိရသည်။

ယင်းကဲ့သို့ တင်ပို့ရာတွင် ဥရောပနိုင်ငံများ ၊ တောင်အာရှနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့လျက်ရှိပြီး ပြည်ပနိုင် အိမ်နီးချင်းနိုင်ငံများသို့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်ပို့ လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ကန်ဒေါ်လာသန်း(၃၀၀)ကျော်၊ ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာသန်း(၅၀၀)ကျော်နှင့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာသန်း(၂၆၀)ကျော် ရရှိထားကြော င်း စီးပွားကူးသန်း ဝန်ကြီးဌာန၏ စရင်းအချက်အလက်များထံမှ သိရသည်။

Photo – Myanmar Garment Manufacturers Association Facebook Page

 


LEAVE A REPLY

Please enter your comment!
Please enter your name here