မူဆယ် ကမ္ဘောဇဘဏ် (၃)တွင် လုံခြုံရေးတာဝန်ကျနေသည့်ပြည်သူ့စစ်(၂) ဦး ပစ်သတ်ခံရ ၊ ပြည်သူ (၁)ဦးပါ သေဆုံး

0
234

မူဆယ် ကမ္ဘောဇဘဏ် (၃)တွင် လုံခြုံရေးတာဝန်ကျနေသည့်ပြည်သူ့စစ်(၂) ဦး ပစ်သတ်ခံရ ၊ ပြည်သူ (၁)ဦးပါ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၃)တွင် ယနေ့ စက် တင်ဘာလ (၁၃) ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားကာ အစောင့် ပြည်သူ့စစ် (၂) ဦးနှင့် ပြည်သူ (၁) ဦး သေ ဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ မွန်းလွဲ (၁) နာရီခွဲ ဝန်းကျင်က အဆိုပါ ဘဏ်ခွဲ ရှေ့သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၂) ဦး ဆို င်ကယ်ဖြင့် ရောက်ရှိလာကာ လုံခြုံရေးယူထားသည့် ပြည်သူ့ စစ်များကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မူဆယ်မြို့ခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” ဆိုင်ကယ်နဲ့ လာပစ်တာ ။ ပြည်သူ့စစ် (၂) ယောက်နဲ့ ဘဏ်ထဲက ပြည်သူ (၁) ယောက်သေတယ်။ မြင်သွားတဲ့ တစ်ယောက်ကိုလည်း လိုက်ပစ်တာ ထိသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဘဏ်ရှေ့တွင် လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် (၂) ဦး နေရာတွင်ပင် သေဆုံးသွားသည့်အပြင် ဘဏ်အတွင်းမှ ပြည်သူ(၁) ဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးသည့်အပြင် ညနေ (၄) နာရီ ဝန်းကျင်အ ထိ ကားကြီးကွင်းအား စစ်တပ်နှင့် ပြည်သူ့စစ်များက လုံ ခြုံရေး တင်းကြပ်ထားကာ ရှာဖွေ စစ်ဆေးမှုများ လုပ် ဆောင်နေကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မူဆယ်မြို့တွင် ပြည်သူ့စစ်များအား ဗုံးခွဲတိုက်ခိုက်ခြင်း ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံခဲ့ရသည့်အတွက် (၂) ဦး သေဆုံးကာ ပြည်သူအပါအဝင် (၁၀) ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သ ည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here