စစ်ကိုင်းတွင် အသတ်ခံထားရသည့် အမျိုးသမီးနှစ်ဦးအ နီးတွင် အသက် (၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ရသည့်အတွက် ကူညီစောင့်ရှောက်ထား

0
365

စစ်ကိုင်းတွင် အသတ်ခံထားရသည့် အမျိုးသမီးနှစ်ဦးအ နီးတွင် အသက် (၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ရသည့်အတွက် ကူညီစောင့်ရှောက်ထား

စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ စစ်ကိုင်း – ရွှေဘို အမှတ် (၃) ခရိုင်ချင်းဆက်လမ်းတွင် အသတ်ခံထားရသည့် အမျိုး သမီးနှစ်ဦး၏ ရုပ်အလောင်းများအနီးတွင် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးအား တွေ့ရှိသည့်အတွက် ခေါ်ယူစောင့်ရှောက်ထားကြောင်း မြင့်မြတ်သူ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“အခုထိ ဆက်သွယ်လို့မရသေးလို့ ကျွန်တော်တိုစောင့် ရှောက်ထားပါတယ်။ ကလေးရဲ့ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်ဖို့ စုံစမ်းနေဆဲပါ” ဟု မြင့်မြတ်သူ လူမှုကူညီရေးအဖွဲ့မှတာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ (၁၂) ရက် ညနေပိုင်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိအမျိုးသမီးနှစ်ဦးအား မျက်နှာကို အဝတ်ဖြင့်စည်းကာ သတ်ဖြတ်ခံ ထားရကြောင်း သတင်းရသည့်အတွက် မြင့်မြတ်သူ လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီရာ အနီးတွင် အ သက် (၂) နှစ်ခန့် မိန်းကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်သ ည်။

လက်ရှိအချိန်တွင် အဆိုပါ (၂) နှစ်အရွယ် မိန်းကလေးအား စစ်ကိုင်းမြို့ရှိ မြင့်မြတ်သူ လူမှုကူညီရေးအဖွဲ့မှခေါ်ယူ စောင့်ရှောက်ထားပြီး သေဆုံးသူအမျိုးသမီး (၂) ဦး ၏ အလောင်းများကို စစ်ကိုင်း ခုတင် ၂၀၀ ဆေးရုံသို့ပိုဆောင် ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ပြစ်မှုးကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here