ပြည်ပသို့ အလုပ်သွားလုပ်မည့်သူများအနေဖြင့် တရား ဝင် နည်းလမ်းဖြင့်သာ သွားရောက်ကြရန် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူပြော

0
635

ပြည်ပသို့ အလုပ်သွားလုပ်မည့်သူများအနေဖြင့် တရား ဝင် နည်းလမ်းဖြင့်သာ သွားရောက်ကြရန် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူပြော

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် တရားဝင်နည်းလမ်းဖြင့် သွား ရောက်အလုပ်လုပ်ကိုင်ကြရန်နှင့် တရားဝင် အေဂျင်စီများနှင့်ချိတ်ဆက်ကာ သွားရောက်ကြရန် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောကြားသည်။

 လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရော က်အလုပ်လိုပ်ကိုင်ကြရာတွင် မလေးရှား၊ စင်ကာပူ၊ ဂျ ပန်၊ ကိုရီးယား၊ ထိုင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ MOU ဖြင့် သွားရောက် လုပ်ကိုင်ကြသူများပြားကြောင်း သိရသည်။

” ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်ပမှာ သွားပြီး အလုပ်လုပ်ဖို့ ကြံ ရွယ်တယ်၊ဆုံးဖြတ်ထားတယ်ဆိုရင်တော့ တရားဝင်နည်း လမ်းနဲ့ပဲ သွားကြပါ။ တရားဝင် အေဂျင်စီတွေနဲ့ ချိတ်ဆ က်ပြီး သွားကြပါ” ဟု အလုပ်သမားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများအနေဖြင့်လည်း အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာ ဖွေရေးရုံးများတွင် သွားရောက်ကာ စုံစမ်းနိုင်ကြောင်းလ ည်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ တရားဝင်လမ်းကြောင်းဖြင့် သွားရောက်မှသာ ပြည်ပနိုင်ငံများရှိ ဥပဒေအရ ခံစားခွင့်ရှိသည့် အ လုပ်သမားအခွင့်ရေးများကို အပြည့်အဝ ခံစားခွင့်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ် ကိုင်ကြရာတွင် တရားမဝင်အောက်လမ်းများမှ သွားရော က် လုပ်ကိုင်နေသူများ ရှိသည့်အပြင် ပြည်တွင်းရှိ တရား မဝင် အေဂျင်စီများ၊လူပွဲစားများ၊လူမှောင်ခိုများ၏ စည်း ရုံးသိမ်းသွင်းမှုများကြောင့် ပြည်ပထွက်ခွာသူ ရွှေ့ပြောင်း လုပ်သားများအနေဖြင့် နစ်နာမှုများ ကြုံတွေ့နေရကြော င်းလည်း သိရသည်။

” လူပွဲစားတွေ လူမှောင်ခိုတွေရဲ့ ဆွဲဆောင်မှုတွေပေါ့နော်၊ ဒေါ်လာ ဘယ်လောက်တော့ရမှာ၊ ဘယ်လိုအခွင့်အရေးတွေရမှာ ၊ ဟိုမှာ လစာကောင်းကောင်း ခံစားရမယ်ဆိုပြီးတော့ ဒီလိုမျိုး ထွက်သွားတာတွေ ရှိပါတယ်။ သူတို့က အလည်အပတ်ဗီဇာနဲ့ ထွက်တာဆိုတော့ ဟိုလည်းရောက်ရော သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သ မား အဖွဲ့အစည်းတွေရဲ့အခွင့်အရေးတွေ အပြည့်အဝရဖို့အင်မတန်ခဲယဉ်းပါမယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ် ကိုင်ကြရာတွင် တရားမဝင်အောက်လမ်းများမှ သွားရော က် လုပ်ကိုဂ်နေသူများ ရှိသည့်အပြင် ပြည်တွင်းရှိ တရား မဝင် အေဂျင်စီများ၊လူပွဲစားများ၊လူမှောင်ခိုများ၏ စည်း ရုံးသိမ်းသွင်းမှုများကြောင့် ပြည်ပထွက်ခွာသူ ရွှေ့ပြောင်း လုပ်သားများအနေဖြင့် နစ်နာမှုများ ကြုံတွေ့နေရကြော င်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here