ထိုင်းနိုင်ငံ၊ပထုန်ဌာနီခရိုင်ရှိ အီလက်ထရောတစ်စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ဦးခန့်အလုပ်ထုတ်ခံရ

0
328

ထိုင်းနိုင်ငံ၊ပထုန်ဌာနီခရိုင်ရှိ အီလက်ထရောတစ်စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ဦးခန့်အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ပထုန်ဌာနီခရိုင်၊နဝနခွန်နယ်​မြေရှိ အီလက်ထ​ရောနစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာအလုပ်သမား ၃၀၀ ဦးခန့်သည် စက်တင် ဘာ ၁၃ ရက်က အလုပ်ထုတ်ခံခဲ့ရကြောင်း AAC မဟာမိတ်အဖွဲ့မှ သိရသည်။

ထိုသို့ အလုပ်ထုတ်ခြင်းအား စက်ရုံပိုင်ရှင်မှ အ လုပ်သမားများအား အကြောင်းကြားခြင်းမရှိဘဲ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကာ အလုပ်ထုတ်ခံခဲ့ရာ၌ ထိုင်းနိုင်ငံသားအလုပ်သမားများလည်းပါဝင်ပြီး အလုပ်မရှိတော့သဖြင့် အလုပ်သမားများအား ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် မြန်မာအလုပ်သမားများမှအကြောင်း ကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသည်ကို ကျေ နပ်ခြင်းမရှိသဖြင့် စက်ရုံအတွင်း၌ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြပြီးနောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများအား ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အ ကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထိုသို့ အကူအညီတောင်းခံမှုကြောင့် AAC မဟာ မိတ်အဖွဲ့မှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ် သမားများအတွက် နစ်နာ​ကြေးပြည့်ဝစွာရရှိ​ရေး၊အလုပ်​ပြောင်း​ရွေ့ခွင့်စာရွက်စာတမ်းများ၊ပတ်စပို့စ်​နေထိုင်ခွင့်သက်တမ်းတိုးထားခြင်းများအား ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။


ထို့ပြင် စက်ရုံပိုင်ရှင်မှလည်း ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့်ထိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား စက်ရုံသို့ခေါ်ဆောင်ထားသည်ကို တွေ့ရှိရသည်ဟု သိရသည်။

ထိုသို့ အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသည့် ဖြစ်စဥ်သည် စက်တင်ဘာ ၈ ရက်ကလည်း အုန်းရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင်ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား ၂၀၀ ကျော်အ လုပ်ထုတ်ခံရသဖြင့် စက်ရုံပိုင်ရှင်အား မြန်မာအ လုပ်သမားများက တရားစွဲဆိုထားကြောင်း သိရသည်။

Photo-AAC မဟာမိတ်

 


LEAVE A REPLY

Please enter your comment!
Please enter your name here